Connect with us

Politics

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ကံကြမ္မာအကျိုးတူအသိုက်အဝန်း ပူးတွဲတည်ထောင်ရန် သဘောတူ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဇန်နဝါရီ ၁၇ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

 

နေပြည်တော် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခု တည်ထောင်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ခေတ်သစ်အတွက် အတူတကွလုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ (ဇန်နဝါရီ ၁၈ ရက်) နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှုအတွင်း အဆိုပါ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ (Xinhua)