Africa & Middle East
နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း တွင် အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၅ ဦး သေဆုံး
အာဗူဂျာ ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
နိုင်ဂျီးရီးယား နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က စက်တင်ဘာ ၁၈ ရက်နေ့၌ နိုင်ငံအရှေ့မြောက်ပိုင်း Borno ပြည်နယ်တွင် အသေခံ ဗုံးဖောက်ခွဲမှု ၃ ခု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၅ ဦး သေဆုံး ခဲ့ပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။
အသေခံ ဗုံးခွဲတိုက်ခိုက်မှု သည် Konduga ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Borno ပြည်နယ် အရေးပေါ်အခြေအနေ ထိန်းချုပ်ရေး ဌာန မှ အရာရှိ တစ်ဦးက ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် အခင်းဖြစ်ပွားခဲ့သည့် နေရာများတွင် အလောင်း ၁၂ လောင်း ကို ရှာဖွေ တွေ့ရှိခဲ့ပြီး လူပေါင်း ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ နောက်ပိုင်း အချိန်တွင် အလောင်း ၃ လောင်း ထပ်မံ ရှာဖွေတွေ့ရှိခဲ့ရာ သေဆုံးသူ စာရင်း ပိုမို မြင့်တက်လာ နိုင်ကြောင်း ပြောကြား ခဲ့သည်။
ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၅ ဦး သေဆုံး ခဲ့ပြီး ၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိခဲ့ရသည်။
လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း မှ ဆောင်ရွက်ခဲ့ကြောင်း ကြေညာခြင်း မရှိသေးဘဲ နိုင်ဂျီးရီးယား နိုင်ငံ လုံခြုံရေး ဌာန ကမူ တိုက်ခိုက်မှု ကို ဘိုကိုဟာရမ် အစွန်းရောက် အဖွဲ့အစည်း မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြောကြား ခဲ့သည်။
လတ်တလော နှစ်ပိုင်း တွင် ဘိုကိုဟာရမ် အစွန်းရောက် အဖွဲ့အစည်း သည် နိုင်ဂျီးရီးယား နိုင်ငံ နှင့် အနီးပတ်ဝန်းကျင်ရှိ နိုင်ငံ များတွင် အကြမ်းဖက် တိုက်ခိုက်မှု များဆောင်ရွက်ခဲ့သောကြောင့် လူအများအပြား သေဆုံးခဲ့ရကြောင်း သိရှိခဲ့ရသည်။(Xinhua)