Connect with us

Africa & Middle East

ကွန်ဂိုတွင် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၃၉ဦးသေဆုံး

ကွန်ဂိုနိုင်ငံတွင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဘူရွန်ဒီဒုက္ခသည်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျနီဗာ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တွင် စက်တင်ဘာ ၁၅ ရက်ကဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၃၉ဦးသေဆုံးပြီး အခြားလူ ၉၄ဦးဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်း UNHCR က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းရှိ ဘူရွန်ဒီ ဆန္ဒပြသူများကို ကွန်ဂိုစစ်သားများက ပစ်ခတ်ခဲ့ပြီးနောက် တိုက်ခိုက်မှုထွက်ပေါ်လာခြင်းဖြစ်ပြီး တိုက်ခိုက်ခံရသူအများစုမှာ ဒုက္ခသည်များ နှင့် နယ်မြေသစ်ရှာဖွေသူများဟု ယုံကြည်ရကြောင်း UNHCRက ပြောကြားခဲ့သည်။

ကွန်ဂိုအာဏာပိုင်များက ဘူရွန်ဒီအုပ်စုငယ်တစ်စု အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အခြားဘူရွန်ဒီလူမျိုးများသည် ဘူရွန်ဒီနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ရမည်ကိုစိုးရွံ့ကာ တရားမဝင် ဆန္ဒပြမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

UNHCR၏ပြောကြားချက်အရ သေဆုံးသူများတွင် ဘူရွန်ဒီအမျိုးသား၊ အမျိုးသမီးများ နှင့် ကလေးငယ်တစ်ဦး အပြင် ကွန်ဂိုစစ်သားတစ်ဦးသေဆုံးပြီး အခြားစစ်သား ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ကွန်ဂိုအာဏာပိုင်များထံမှ အဆိုပါဖြစ်ရပ်အား စစ်ဆေးမေးမြန်းမည့် ကြေညာချက်ကို ကြိုဆိုပါကြောင်း၊ တိကျစွာစုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း နှင့် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်သင့်ကြောင်း စက်တင်ဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

UNHCR မှ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၁၅ခုနှစ်မှစ၍ ဘူရွန်ဒီနိုင်ငံမှ ရောက်ရှိလာသော ဒုက္ခသည် ၄၃,၇၀၀ ဦးကို ကွန်ဂိုနိုင်ငံက လက်ခံပေးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.