Connect with us

Africa & Middle East

အာဖရိက လုံခြုံရေးဖိုရမ်အား မော်ရိုကိုက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်

အာဖရိက လုံခြုံရေးဖိုရမ် ၂၀၁၇ ကျင်းပမည့် ကြေညာချက်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရာဘတ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အာဖရိက လုံခြုံရေး ဖိုရမ်အား အောက်တိုဘာလ ၈ ရက်မှ ၁၀ ရက်အထိ မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာမြို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖိုရမ်ဖြစ်မြောက်ရေး စီစဉ်သူများက စက်တင်ဘာလ ၁၈ ရက်တွင် ကြေညာလိုက်သည်။

ယခု ၂၀၁၇ ခုနှစ်အတွက် ပြုလုပ်မည့် ဖိုရမ်တွင် အာဖရိကနိုင်ငံ ၄၅ နိုင်ငံမှ ပါဝင်သူ ၄၀၀ ဦးကျော် တက်ရောက်မည် ဖြစ်ကာ အကြမ်းဖက်မှု၊ အစွန်းရောက်မှုနှင့် နိုင်ငံဖြတ်ကျော် ပြစ်မှုကြီးများအား ရင်ဆိုင်ရာတွင် အာဖရိက နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးကြမည် ဖြစ်ကြောင်း ဖိုရမ် ဥက္ကဋ္ဌ Driss Benamer က ဖိုရမ်အတွက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဖိုရမ်တွင် အကြမ်းဖက်မှု၊ ဆိုက်ဘာစပေ့ နှင့် အစွန်းရောက်မှု ပုံစံအသစ်များဟူသော ခေါင်းစဉ်ကြီး သုံးခုဖြင့် ဆွေးနွေးကြမည် ဖြစ်ပြီး ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စိန်ခေါ်မှုအသစ်များနှင့် နယ်စပ်ဖြတ်ကျော် ဥပဒေ ငြိစွန်းမှုများနှင့် အာဖရိကနိုင်ငံများအတွင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် စိန်ခေါ်မှုအသစ်များ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

အဆိုပါ ဖိုရမ်အား ပထဝီနိုင်ငံရေး သုတေသနနှင့် လေ့လာရေးအတွက် Atlantis စင်တာက ကမကထပြု ကျင်းပခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.