Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ စစ်တပ် တပ်မှူး ဟတ်ဖ်တာနှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့ ဖုန်းပြောခဲ့

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် လစ်ဗျားနိုင်ငံ စစ်တပ် တပ်မှူး ခါလီဖာ ဟတ်ဖ်တာ (Khalifa Haftar) နှင့် ဧပြီလ ၁၅ ရက်က တယ်လီဖုန်းဖြင့် “လုပ်ဆောင်နေဆဲ တန်ပြန် အကြမ်းဖက်မှု တိုက်ဖျက်ရေးအားထုတ်မှုများ” အကြောင်း ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ဧပြီလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

ထို့ပြင် လစ်ဗျားနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရရှိရန် လိုအပ်မှု၊ စစ်ဒဏ်ခံရသော လစ်ဗျားနိုင်ငံ၏ “တည်ငြိမ်သော၊ ဒီမိုကရက်တစ် နိုင်ငံရေးစနစ် အသွင်ကူးပြောင်းမှု” စသည့်အကြောင်းကိစ္စများအား နှစ်ဘက် ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော် ကြေညာချက်အရ သိရသည်။

၎င်းတို့နှစ်ဦး တယ်လီဖုန်းပြောဆိုပြီးရက်များအကြာမှ အဘယ်ကြောင့် ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ရခြင်းကိုမူ အိမ်ဖြူတော်မှ ရှင်းပြထားခြင်းမရှိပေ။

ဟတ်ဖ်တာဦးဆောင်သည့် နိုင်ငံ အရှေ့ပိုင်း အခြေစိုက်စစ်တပ်သည် ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပြုထားသော လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီအား သိမ်းပိုက်ရန် ဧပြီလအစောပိုင်းကတည်းက စစ်ဆင်ရေးတစ်ခုအား ဦးဆောင်လျက်ရှိသည်။

ထရီပိုလီမြို့တွင်းနှင့် အနီးဝန်းကျင်၌ လစ်ဗျား အစိုးရနှင့် နိုင်ငံ အရှေ့ပိုင်းအခြေစိုက်စစ်တပ်အကြား တိုက်ခိုက်မှုအတွင်း လူ ၂၁၃ ဦး သေဆုံးပြီး အခြားသူ ၁,၀၀၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဧပြီလ ၂၀ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)