Connect with us

Africa & Middle East

အာဖဂန်မြို့တော်တွင် အသေခံ ဗုံးဖောက်ခွဲသူဟု ယူဆရသူတစ်ဦးအား ရဲတပ်ဖွဲ့ ဖမ်းဆီး

အာဖဂန်တွင် ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ တစ်ဦးအား သယ်ဆောင်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကဘူးလ်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ပေါက်ကွဲစေသော ပစ္စည်းများ တပ်ဆင်ထားသည့် စက်ဘီးအား စီးနင်းလာကာ အသေခံ ဗုံးဖောက်ခွဲရေးသမားဟု ထင်ရသူ တစ်ဦးအား အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ပြင်ပတွင် ဖမ်းဆီးမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဋ္ဌာနက ယနေ့ (အောက်တိုဘာ ၁၈ ရက်) ၌ ပြောကြားလိုက်သည်။

“မနေ့ (အောက်တိုဘာ ၁၇ ရက်) က ဖောက်ခွဲရေးပစ္စည်း တပ်ဆင်ထားသော စက်ဘီးနှင့်အတူ အသေခံ ဗုံးဖောက်ခွဲသမား တစ်ဦးကို ကဘူးလ်မြို့ Chahar Asyab ခရိုင်တွင် သူရဲ့ ပစ်မှတ်နေရာကို မရောက်ခင်မှာပဲ အာဖဂန် အမျိုးသား ရဲတပ်ဖွဲ့ (ANP) က ဖမ်းဆီးနိုင်ခဲ့တယ်” ဟု ပြည်ထဲရေး ဝန်ကြီးဋ္ဌာနက ကြေညာချက်တွင် ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် လများအကြာက ထရပ်ကား ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ အရပ်သား အများဆုံး အပါအဝင် လူ ၁၅၀ ကျော် သေဆုံး၍ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည့် ကဘူးလ်တွင် ထရပ်ကားအပြည့် ဖောက်ခွဲရေးပစ္စည်းများ ANP က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.