ဂျာလာလာဘတ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ် တွင် ဒီဇင်ဘာ ၁၄ ရက်က IS စစ်သွေးကြွ တပ်မှူး ၂ဦးအပါအဝင် အနည်းဆုံး စစ်သွေးကြွ ၁၀ဦး အသတ်ခံရကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Ataullah Khogyani က...
ကဘူးလ် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ် ၊ အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်နိုင်ငံတို့သည် အာဖဂန်နစ္စတန်နိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ခံရန် ၊ အပြန်အလှန်ချိတ်ဆက်ရေး နှင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး တို့ကို အားပေးထောက်ခံသွားရန် ဒီဇင်ဘာ ၁၅ ရက်က သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးသဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် ၂၀၁၆ ခုနှစ်က စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနှင့် ဆက်နွယ်သည်ဟု ယူဆရသော စစ်သား အနည်းဆုံး ၂၁၉ ဦးကို ဖမ်းဆီးရန် တူရကီအာဏာပိုင်များက ဒီဇင်ဘာလ ၁၄ ရက်က ဝရမ်းထုတ်ပြန်လိုက်ကြောင်း သိရသည်။
အန်ကာရာ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ မြို့တော် အန်ကာရာတွင် ဒီဇင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် မြန်နှုန်းမြင့် ရထားတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇ ဦး သေဆုံးကာ အခြားသူ ၄၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း အန်ကာရာ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
ရာဘက်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ ရေတပ်သည် မြေထဲပင်လယ်အတွင်း အာဖရိကမှ တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၂၉၈ဦးကို ကယ်ဆယ်ခဲ့ပြီး ရုပ်အလောင်း ၂လောင်းကို ဆယ်ယူရရှိခဲ့ကြောင်း မော်ရိုကို စစ်တပ်က ဒီဇင်ဘာ ၁၁ရက်တွင် ကြေညာခဲ့သည်။
ဒမတ်စကပ်စ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ရှိ IS စစ်သွေးကြွတို့၏ ယခင်ခြေကုပ်စခန်းဟောင်းတစ်ခုတွင် ရာနှင့်ချီသော လူသေအလောင်းများမြှုပ်နှံထားသည့် ဂူသချုႋင်း ၇ ခု ကို တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန SANA က ဒီဇင်ဘာ ၁၁ရက်တွင်ဖော်ပြခဲ့သည်။
ကဘူးလ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အနောက်ပိုင်းတွင် ဒီဇင်ဘာလ ၁၁ ရက်က အာဖဂန်လုံခြုံရေးတပ်ဖွဲ့၏ ယာဉ်တန်းတစ်ခုအား အသေခံကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးနှင့် ဗုံးဖောက်ခွဲသူတစ်ဦး သေဆုံးသွားခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
အဘူဂျာ ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ရေနံအလျှံအပယ်ထွက်ရှိသော နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်းဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် Harcourt မြို့၌ နိုဝင်ဘာလက ၇ ထပ်အမြင့်ရှိ အဆောက်အအုံတစ်လုံးပြိုကျမှုဖြစ်စဉ်တွင် သေဆုံးသူ ၁၅ ဦးရှိပြီး အခြား လူ ၃၁ ဦးကို အပျက်အစီးပုံအတွင်းမှ ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုင်ဂျီးရီးယား အရေးပေါ်ကယ်ဆယ်ရေးစီမံခန့်ခွဲမှုတာဝန်ရှိသူများက ဒီဇင်ဘာ ၁ဝ...
ကန်ဒါဟာ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ် တွင် သန်းခေါင်ယံအချိန်က စစ်တပ်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ အနည်းဆုံး အာဖဂန်တပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားခဲ့သည်။
မိုဂါဒစ်ရှူး ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်စစ်တပ်သည် ဒီဇင်ဘာ ၈ ရက်က ဆိုမာလီယာနိုင်ငံ တောင်ပိုင်း Basraကျေးရွာအနီးတွင် အစွန်းရောက်အများအား ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အယ်လ်ရှာဘတ်၄ ဦး ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန်၏ အာဖဂန်စစ်ဌာနချုပ်(Africom) က ဒီဇင်ဘာ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။