Connect with us

Africa & Middle East

ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်နေသော်လည်း အသက်ရှင်ကျန်ရစ်သူများ တွေ့ရှိနိုင်မည့် မျှော်လင့်ချက်နည်းပါးကြောင်း လက်ဘနွန် စစ်တပ် ပြောကြား

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၏ မြင်ကွင်းအချို့အား ဩဂုတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘေရွတ်၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်၌ ပေါက်ကွဲမှု ဖြစ်ပွားရာ ဘေရွတ် ဆိပ်ကမ်းတွင် ရှာဖွေကယ်ဆယ်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသော်လည်း အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေတွေ့ရှိနိုင်မည့် မျှော်လင့်ချက်မှာ နည်းပါးသွားပြီဖြစ်ကြောင်း လက်ဘနွန် စစ်တပ်က ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။  

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပြင်သစ်၊ရုရှား၊ ကာတာ၊ ဂျာမနီ စသည့် နိုင်ငံပေါင်းများစွာက ကယ်ဆယ်ရေးအဖွဲ့များသည် လက်ဘနွန်သို့ ဆက်တိုက်ရောက်ရှိခဲ့ပြီး အချင်းဖြစ်နေရာအနီးတစ်ဝိုက်တွင် အဖွဲ့များခွဲ၍  ရှာဖွေကယ်ဆယ်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ရက်ဆက်ရှာဖွေကယ်ဆယ်မှုများ ဆောင်ရွက်ပြီးနောက် လက်ရှိအခြေအနေတွင် အသက်ရှင်ကျန်ရစ်သူကို တွေ့ရှိနိုင်မည့် မျှော်လင့်ချက် နည်းလာကြောင်း ဩဂုတ် ၉ ရက်က လက်ဘနွန် ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အဦတွင် ပြုလုပ်သည့် ရှာဖွေကယ်ဆယ်ရေးအခြေအနေဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၏ မြင်ကွင်းအချို့အား ဩဂုတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပထမအဆင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးပြီဟု ဆို၍ ရနိုင်ကြောင်း ၊နိုင်ငံအများစု၏ ကယ်ဆယ်ရေးအဖွဲ့များက ပြန်လည်ဆုတ်ခွာသွားရန် ပြင်ဆင်လျက်ရှိသော်လည်း ပြင်သစ်၊ ရုရှား၊ တူရကီစသည့်နိုင်ငံများ၏ ကယ်ဆယ်ရေးအဖွဲ့များသည် ကယ်ဆယ်ရေးနှင့်ရှင်းလင်းရေးလုပ်ငန်းများတွင် ဆက်လက်ပါဝင်ရန် ဆုံးဖြတ်ထားကြောင်း လက်ဘနွန် စစ်တပ်က ဆိုသည်။ 

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၏ မြင်ကွင်းအချို့အား ဩဂုတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၏ မြင်ကွင်းအချို့အား ဩဂုတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၏ မြင်ကွင်းအချို့အား ဩဂုတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၏ မြင်ကွင်းအချို့အား ဩဂုတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၏ မြင်ကွင်းအချို့အား ဩဂုတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၏ မြင်ကွင်းအချို့အား ဩဂုတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၏ မြင်ကွင်းအချို့အား ဩဂုတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက သက်ရှင်ကျန်ရစ်သူများအား ရှာဖွေတွေ့ရှိခဲ့ခြင်းရှိမရှိ အခြေအနေကိုမူ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။ ဘေရွတ်ဆိပ်ကမ်းတွင် ဩဂုတ် ၄ ရက် ညနေပိုင်းက ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယနေ့အထိ အချင်းဖြစ်ရပ်ကြောင့် သေဆုံးသူ ၁၅၈ ဦး၊ ဒဏ်ရာရသူ ၆,၀၀၀ ကျော် နှင့် ပျောက်ဆုံးနေဆဲ ဒါဇင်နှင့်ချီရှိကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် လူပေါင်း ၃ သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။(Xinhua)