Connect with us

Africa & Middle East

အယ်လ်ဂျီးရီးယားနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်း ၄,၀၂၅ ဦး ရှိပြီ

အယ်လ်ဂျီးရီးယားနိုင်ငံ ဘလီဒါပြည်နယ် Boufarik ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

အယ်လ်ဂျီးယားစ်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၄,၀၂၅ ဦး ရှိကြောင်း COVID-19 ပျံ့နှံ့မှု စောင့်ကြည့်ရေး သိပ္ပံပညာရပ်ဆိုင်ရာကော်မတီက ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

“နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း ရောဂါကူးစက်ခံရသူ ၄,၀၂၅ ခန့်ရှိပါပြီ” ဟု ကော်မတီအဖွဲ့ဝင် Djamel Fourar က ပြောခဲ့သည်။

COVID-19 ရောဂါကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများအနက် သေဆုံးသူ ၆၉ ဦးရှိပြီး “ဒီအခြေအနေက ရောဂါကာကွယ်ရေးစည်းမျဉ်းတွေကို မလိုက်နာတဲ့ နိုင်ငံသားတွေရဲ့ တာဝန်ယူမှုကင်းမဲ့တဲ့ အလေ့အထရဲ့ ရလဒ်တွေပေါ့”ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နိုင်ငံသားများအားလုံးအနေဖြင့် ရောဂါကူးစက်မှု အန္တရာယ်ကို ရှောင်လွှဲနိုင်ရန် ဗလီများ၊ ကမ်းခြေများနှင့် ဇိမ်ခံနေရာများကို ဖြည်းဖြည်းချင်းပြန်ဖွင့်ရာ၌ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန် Fourar က ပြောကြားခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံတွင် ဩဂုတ် ၁၁ ရက်က COVID-19 ဖြစ်ပွားသူ ၄၉၂ ဦးရှိခဲ့ရာ နိုင်ငံအတွင်း စုစုပေါင်း သေဆုံးသူအရေအတွက် ၁,၃၂၂ အပါအဝင် ရောဂါဖြစ်ပွားသူဦးရေ ၃၆,၂၀၄ ဦးရှိပြီဖြစ်ကြောင်း သိရသည်။  (Xinhua)