Connect with us

Africa & Middle East

လိုက်ဘေးရီးယား နိုင်ငံ ဒုတိယ သမ္မတ COVID-19 ရောဂါ ကူးစက် ခံရ

လိုက်ဘေးရီးယား နိုင်ငံ ဒုတိယ သမ္မတ Jewel Taylor အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

 

အက်ကရာ ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

လိုက်ဘေးရီးယား နိုင်ငံ ဒုတိယ သမ္မတ Jewel Taylor တွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း လိုက်ဘေးရီးယား နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ သြဂုတ် ၁၃ ရက် ထုတ်ပြန်ကြေညာချက် အရ သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက် အရ ဒုတိယ သမ္မတ Jewel Taylor အနေဖြင့် သြဂုတ် ၁၀ ရက် တွင် ရောဂါ စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရောဂါ ကူးစက်ခံရသည် ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

ဒုတိယ သမ္မတ အနေဖြင့် သြဂုတ် ၇ ရက် ၌ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ လက္ခဏာ ဖြစ်ပွား ခဲ့ပြီး မြို့တော် ရှိ ဆေးရုံ တစ်ရုံ တွင် ဆေးဝါး ကုသမှု ခံယူခဲ့ကြောင်း ၊ ဒုတိယ သမ္မတ က COVID-19 ရောဂါ ကူးစက်ခံရကြောင်း သိရှိခဲ့ပြီး နောက် တွင် သြဂုတ် ၁၁ ရက် ၌ မြို့တော် အက်ကရာ ရှိ ဆေးရုံ တစ်ရုံ သို့ ဆေးဝါး ကုသမှု ပြုလုပ်ရန် သွားရောက် ခဲ့ကြောင်း လိုက်ဘေးရီးယား နိုင်ငံ ဒုတိယ သမ္မတရုံး က သြဂုတ် ၁၃ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။ (Xinhua)