ကဘူးလ် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarharပြည်နယ်တွင် စက်တင်ဘာ ၁၁ ရက်က အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့သည်။
အဘူဂျာ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း နာဆာရာဝါပြည်နယ် တွင် စက်တင်ဘာ ၁၀ ရက် က ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် လူအများအပြားသေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာ နှင့် သတင်းရင်းမြစ်များအရ သိရသည်။
ကွန်ဒုဇ်၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒုဇ်ပြည်နယ်တွင် စက်တင်ဘာလ ၁၀ ရက်၌ ပြင်းထန်သော တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ရဲအရာရှိ ၁၃ ဦးနှင့် တာလီဘန် စစ်သွေးကြွ ၁၀ ဦးသေဆုံးခဲ့ပြီး ရဲတပ်သား ၂၀...
ဂျေရုဆလမ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) ယနေ့ ကမ္ဘာပေါ်တွင် ဂျူးလူမျိုး လူဦးရေ ၁၄.၇ သန်းအထိရှိလာကြောင်း၊ ယင်းအနက် ၄၅ ရာခိုင်နှုန်းမှာ အစ္စရေးနိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း Israeli Hebrew University က စက်တင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။
ဘဂ္ဂဒတ် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ၌ ရက်ပေါင်းအတော်ကြာဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း အဓိကရုဏ်းဖြစ်ပွားရာမှ လူ ၁၅ ဦးသေဆုံးပြီး ၁၉ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီရတ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ဘဂ္ဂဒက်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ တောင်ပိုင်း Basra မြို့ ရှိ အီရန်ကောင်စစ်ဝန်ရုံး အား ဆန္ဒပြသူများစွာ က ဝင်ရောက်စီးနင်းခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားချိန်တွင် အဆောက်အအုံအား မီးရှို့ခဲ့ကြောင်း ဒေသခံလုံခြုံရေးသတင်းရင်းမြစ် က စက်တင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။
တီဟီရန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ အရှေ့တောင်ပိုင်း Sistan နှင့် Baluchestan ပြည်နယ် ရှိ Masjed-e hazrat-e aboulfazi ဒေသ၌် စက်တင်ဘာ ၇ ရက် ဒေသစံတော်ချိန် ၁၀း၅၃နာရီတွင် အင်အား ၅.၆ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း...
ကဘူးလ်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းက အသေခံဗုံးခွဲ တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၆ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် နစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ယင်းနေ့တွင်...
လုအန်ဒါ ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) အင်ဂိုလာနိုင်ငံ အနောက်တောင်ပိုင်း Namibe ပြည်နယ်တွင် စက်တင်ဘာ ၄ရက်က ရထားနှစ်စီးတိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းဒေသအရာရှိတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ကိုင်ရို ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ မြို့လယ်ခေါင်ရှိ အမေရိကန်သံရုံးအနီးတွင် စက်တင်ဘာ ၄ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ၊ သေဆုံးဒဏ်ရာရမှုများ မဖြစ်ပွားခဲ့သော်လည်း သံရုံးကို ခေတ္တခဏ ပိတ်ခဲ့ရကြောင်း သိရသည်။