Connect with us

Africa & Middle East

“လိုအပ်ပါက” ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုများ လုပ်ဆောင်မည် အီရန် ပြော

အီရန်၏ ပဲ့ထိန်း ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုအား တွေ့ ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

အီရန် နိုင်ငံက လိုအပ်လာလျှင် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုများ လုပ်ဆောင်လိမ့်မည်ဟု အီရန် စစ်ဘက် အရင်းအမြစ်က နိုင်ငံပိုင် IRNA သတင်းအေဂျင်စီသို့ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

“လိုအပ်လာမယ် ဆိုရင် အီရန်ဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဒုံးကျည် စမ်းသပ်မှုတွေကို လုပ်သွားမယ်။”ဟု အဆိုပါ သတင်းအရင်းအမြစ်က ဆိုသည်။ အီရန် နိုင်ငံ၏ ဒုံးကျည် စွမ်းရည်သည် ပြီးပြည့်စုံမှု ရှိကြောင်း နှင့် မည်သည့် နိုင်ငံကိုမျှ တိုက်ခိုက်ရန် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

အီရန် နိုင်ငံ၏ အချုပ်အခြာ ပိုင်နက် နယ်မြေ အတွင်းသို့ကျူးကျော် ဝင်ရောက်လာနိုင်ခြေ ရှိသူများအား တုံ့ပြန် တားဆီးရန် ရည်ရွယ်ကြောင်း ယင်းအရင်းအမြစ်က ဆက်လက် ပြောကြားခဲ့သည်။

ပြီးခဲ့သော ဇူလိုင် ၂၄ ရက်က အီရန် နိုင်ငံသည် တာလတ်ပစ် ဒုံးကျည် တစ်စင်းအား စမ်းသပ် ပစ်လွှတ်ခဲ့သည် ဆိုသည့် အမေရိကန် နိုင်ငံ၏ ထုတ်ပြန်ချက် တစ်ခု အပေါ် တုံ့ပြန်သည့် အနေဖြင့် အီရန် စစ်ဘက် အရင်းအမြစ်က မှတ်ချက်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံသည် မိမိကိုယ်ကို ကာကွယ်ရန် မည်သည့် ကမ္ဘာ့အင်အားကြီး နိုင်ငံထံကမျှ ခွင့်ပြုချက် တောင်းခံရန် မလိုအပ်ကြောင်း အီရန် စစ်ဘက် အရင်းအမြစ်က ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံသည် ၂၀၁၅ ခုနှစ် အီရန် နိုင်ငံ ဆိုင်ရာ နိုင်ငံတကာ နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ရန် သမ္မတ ဒေါ်နယ်ထရန့်က ၂၀၁၈ ခုနှစ် မေလတွင် ဆုံးဖြတ်ခဲ့ပြီး အီရန် အစိုးရ အပေါ် တစ်စိတ်တစ်ပိုင်း ဖြစ်စေ ၊ ပဲ့ထိန်း ဒုံးကျည် စနစ် အစီအစဉ်များ နှင့် ပတ်သက်၍ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုများအား ပြန်လည် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။(Xinhua)