ဘဂ္ဂဒက်၊ မတ် ၂၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံသည် အီရတ်အစိုးရထံမှ ခွင့်ပြုချက်မရရှိဘဲ အီရတ်နိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးဆောင်ရွက်သွားမည်မဟုတ်ကြောင်း တူရကီက အာမခံပြောကြားခဲ့သည်ဟု အီရတ်ဝန်ကြီးချုပ် ရုံးက မတ် ၂၇ရက်တွင်ပြောကြားခဲ့သည်။
ရီယာဒ့် ၊ မတ်လ ၂၇ ရက်(ဆင်ဟွာ) ယီမင် ဟူသီ လက်နက်ကိုင်များက ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့သည့်အတွက် အီရန်ကို လက်တုံ့ပြန်သွားမည်ဟု ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Turki Al Maliki က မတ်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
ကိုင်ရို ၊ မတ်လ ၂၇ ရက်(ဆင်ဟွာ) အီဂျစ်သမ္မတရွေးကောက်ပွဲ၏ ပြည်တွင်းမဲပေးပွဲကို မတ်လ ၂၆ ရက်နေ့တွင် တရားဝင် စတင်လိုက်ပြီဖြစ် ကြောင်း သိရှိရသည်။ ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် သမ္မတလောင်း ၂ ဦး မှာ လက်ရှိ သမ္မတ အဗ္ဗဒဲလ်-ဖက်တာ အယ်လ်-စီစီ (Abdel-Farrah al-Sisi)နှင့်...
ဂျေရုဆလင် ၊ မတ်လ ၂၆ ရက်(ဆင်ဟွာ) အီရန်က ဆီးရီးယားတွင် စစ်သုံးအဆောက်အအုံပစ္စည်းများ တည်ဆောက်တပ်ဆင်ခြင်းကို အစ္စရေးက ခွင့်ပြု မည်မဟုတ်ကြောင်း၊ အစ္စရေးကလည်း မြောက်ပိုင်းအန္တရာယ် နောင်စစ်ပွဲကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ကိုလုပ်မည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Avigdor Lieberman က မတ်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
မာပူတို ၊ မတ်လ ၂၆ ရက်(ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံ၏မြို့တော် မာပူတိုတွင် မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းနံဘေးရှိ လူစုအားဝင်တိုက်မိရာ ယာဉ်မောင်းအပါအဝင် လူ၂၃ ဦး သေဆုံးခဲ့ပြီး လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကိုင်ရို ၊ မတ် ၂၆ ရက် (ဆင်ဟွာ) အီဂျစ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန က ရဲတပ်ဖွဲ့ အနေဖြင့် မြို့တော် ကိုင်ရို မြောက်ပိုင်း Beheira ပြည်နယ် တွင် အကြမ်းဖက် နှိမ်နင်းရေး ဆောင်ရွက်နေစဉ် အတွင်း အလက်ဇန်းဒါး ကားဗုံး ဖောက်ခွဲမှု...
ဆာနာ ၊ မတ် ၂၆ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ၌ လက်နက်ကိုင်ပုန်ကန်မှုများပြုလုပ်နေသည့် ဟူတီသူပုန်များက မတ်လ ၂၅ ရက် ညဉ့်နက်ပိုင်းတွင် ဆော်ဒီအာရေးဗီးယားနိုင်ငံအတွင်းရှိ လေဆိပ် ၄ ခုကို တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟူတီသူပုန်များထိန်းချုပ်ထားသည့် Saba သတင်းအေဂျင်စီက ထုတ်ပြန်ချက်တစ်စောင် ဖော်ပြခဲ့သည်။
ဘဂ္ဂဒက် ၊ မတ်လ ၂၅ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ Kirkuk ပြည်နယ် နှင့် Diyala ပြည်နယ်တွင် မတ်လ ၂၄ ရက်က IS အစွန်းရောက်များ၏ တိုက်ခိုက်မှုကြောင့် လူ ၉ ဦးသေဆုံးခဲ့သည်ဟု အီရတ်အရာရှိတစ်ဦးက ဆိုသည်။
ဒမတ်စကပ်စ်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့ အရှေ့ဘက် ဂိုတာဒေသ၌ သူပုန်များမှ ပြန်ပေးဆွဲထားသူ ၈ ဦးသည် သဘောတူညီချက် တစ်ခုအရ မတ် ၂၄ ရက်က လွတ်မြောက်သွားကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် ဆင်ဟွာသတင်းထောက်က ပြောသည်။
အာဖဂန်နစ္စတန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ဟဲလ်မက်ပြည်နယ် ရှိ အားကစားရုံတစ်ခု၌ မတ် ၂၃ရက်တွင် လူများစုဝေး၍ အာဖဂန်နှစ်ကူးပွဲတော် ကျင်းပနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူ ၅၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။