Connect with us

Africa & Middle East

IS အစွန်းရောက်အဖွဲ့နှင့်ဆက်စပ်သူ ၅ ဦးအား မော်ရိုကို ဖမ်းဆီး

မော်ရိုကိုတွင် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက် )

ရာဘတ်၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ မြောက်ပိုင်း တန်ဂျီးယားမြို့အနီးတွင် IS အစွန်းရောက်အဖွဲ့နှင့်ဆက်စပ်သူ ၅ ဦးကို ဇူလိုင် ၂၇ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက ယင်းနေ့တွင် သတင်း ထုတ်ပြန် ခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူ ၅ ဦးမှာ အသက် ၂၄ နှစ်မှ ၃၆ နှစ်အတွင်းဖြစ်ကြောင်း ၊ စုံစမ်းစစ်ဆေးချက်များ အရ ၎င်းတို့သည် ISထောက်ခံသူများနှင့် ဆက်သွယ်ကာ မော်ရိုကိုရှိ အရေးပါအရာရောက်သည့် နေရာများကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ယင်းအမှုနှင့်စပ်လျဉ်း၍ မော်ရိုကို တရားစီရင်ရေးဌာနက တစ်ဆင့်တိုး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

၂၀၀၃ ခုနှစ် မေလက မော်ရိုကို နိုင်ငံ မြောက်ပိုင်း ကာဆာဘလန်ကာမြို့တွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ သေဆုံးဒဏ်ရာရမှု အမြောက်အမြား ဖြစ်ပွားခဲ့သည်။ အချင်းဖြစ်ပွားပြီးနောက် မော်ရိုကိုက အကြမ်းဖက်ဆန့်ကျင်ရေး ကြိုတင်ကာကွယ်မှုလုပ်ငန်းများလုပ်ဆောင်ခဲ့ရာ ဒါဇင်နှင့် ချီသောအကြမ်းဖက်အဖွဲ့အစည်းများကို ဖျက်ဆီးနိုင်ခဲ့ပြီး ရာနှင့်ချီသော အကြမ်းဖက်မှုကျူးလွန်သည်ဟု သံသယရှိသူများကိုလည်း ဖမ်းဆီးနိုင်ခဲ့သောကြောင့် သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117