အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အစိုးရရှေ့နေချုပ်ရုံးက ဆော်ဒီသတင်းထောက် Jamal Khashoggi သည် အစ္စတန်ဘူလ်မြို့ ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း လည်ပင်းညစ်သတ်ခံရပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခံခဲ့ရကြောင်း အောက်တိုဘာ ၃၁ ရက်ကပြောကြားခဲ့သည်။
တီဟီရန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ Imam Khomeini နိုင်ငံတကာလေဆိပ် (IKA) တွင် အောက်တိုဘာ ၃၁ရက် နံနက်ပိုင်းက လေယာဉ်ပျက်တစ်စီး၏ အစိတ်အပိုင်းများ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။
ဂျေရုဆလင် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ ပင်လယ်သေအနီးရှိ အမှတ် ၉၀ လမ်းမကြီးတွင် အောက်တိုဘာ ၃၀ ရက်က မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ လူ ၈ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ကဘူးလ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံ မြို့တော် အရှေ့ပိုင်းရှိ အဓိက အကျဉ်းထောင်တစ်ခုပြင်ပတွင် အစိုးရဝန်ထမ်းများ၏ ကားတစ်စီးတွင် ယနေ့ အောက်တိုဘာလ ၃၁ ရက်၌ အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၇ ဦးထက်မနည်းသေဆုံးပြီး အခြားလူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဘေရွတ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ဆီးရီးယားဒုက္ခသည် ၁၁၃ဦး ကို Marjeyoun ပြည်နယ် Adayse မြို့ ၌ အောက်တိုဘာ ၃၁ ရက်တွင် လက်ဘနွန်စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ပြည်တွင်းသတင်းကဖော်ပြခဲ့သည်။
အန်ကာရာ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ တောင်ပိုင်း Antalya ပြည်နယ် တွင် အောက်တိုဘာ ၃၀ ရက်က လေ့ကျင့်ရေးလေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူ ၂ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းဌာန Demiroren News Agency (DHA) ကဖော်ပြခဲ့သည်။
တူးနစ် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) တူနီးရှားနိုင်ငံ တူးနစ်မြို့ မြို့လည်ခေါင်တွင် အောက်တိုဘာ ၂၉ ရက်က အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူ အယောက် ၂၀ ရှိကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ရာမာလာ ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ပါလက်စတိုင်း လခြမ်းနီ အဖွဲ့ ၏ ထုတ်ပြန်ကြေညာချက် အရ ပါလက်စတိုင်း လူငယ် ၃ ဦး မှာ အောက်တိုဘာ ၂၈ ရက် တွင် ဂါဇာ ဒေသ တောင်ပိုင်း အစ္စရေး နိုင်ငံ...
အဘူဂျာ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ်တွင် အမည်မသိ သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်တစ်ဦးအပါအဝင် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
အမ္မန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) ဂျော်ဒန်နိုင်ငံတွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ မြို့ပြင်တွင် အလည်အပတ်ခရီးစဉ်သွားနေသည့် စာသင်ကျောင်း တစ်ကျောင်းမှ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများ အန္တရာယ်ကြုံတွေ့နေရကြောင်း ၊ လက်ရှိတွင် ဆရာဆရာမနှင့်ကျောင်းသားကျောင်းသူများအပါအဝင် လူ ၁၈ ဦး သေဆုံးပြီး လူပေါင်း ဒါဇင်နှင့်ချီပျောက်ဆုံးနေကြောင်း ဂျော်ဒန် ဝန်ကြီးချုပ်ရုံးက...