ဘေရွတ် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) အာရပ် စီးပွားရေး နှင့် လူမှုဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အစည်းအဝေး ကျင်းပရန် ပြင်ဆင်မှုများ ပြီးပြည့်စုံ သွားပြီ ဖြစ်ကြောင်း လက်ဘနွန် နိုင်ငံက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ရိုဘီ ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ Westlandsဒေသရှိ ဟိုတယ်တစ်ခုကို ဇန်နဝါရီ ၁၅ ရက် ညနေ ၃နာရီခန့်က လက်နက်ကိုင်အချို့ ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဒမတ်စကပ်(စ်)၊ဇန်နဝါရီလ ၁၅ ရက်(ဆင်ဟွာ) တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်(Recep Tayyip Erdogan) ကဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် လုံခြုံရေးဇုံတစ်ခုဖန်တီးတည်ဆောက်ရန် ပြောကြားခဲ့ခြင်းအပေါ် ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန က ဇန်နဝါရီ ၁၅ ရက် တွင်ဝေဖန်ပြောကြားခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းဌာနကပြော ကြားခဲ့သည်။
ဂါဇာ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အီတလီသံရုံးအတွက် တာဝန်ထမ်းဆောင်နေသော အီတလီလူမျိုး ၃ဦးကို ဂါဇာ ရှိ ကုလသမဂ္ဂရုံးတစ်ခု တွင် ဟားမတ်စ်တို့က ဖမ်းဆီးထိန်းသိမ်းထားပြီး ၂ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်တွင်းသတင်း၌ ဖော်ပြခဲ့သည်။
ဘေရွတ် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် လက်ဘနွန်နိုင်ငံ နှင့် ဒေသတွင်း အရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုများပြုလုပ်နေကြောင်း လက်ဘနွန်နိုင်ငံရှိ အီရန်သံရုံးက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု လက်ဘနွန်နိုင်ငံပိုင်သတင်းဌာနကဆိုသည်။
တူနီးရှား ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ) တူနီးရှား နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ စိတ်ချ လုံခြုံမှု မရှိသေးကြောင်း သမ္မတ Beji Caid Essebsi က ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အာဖဂန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ Afghlan Baghlanပြည်နယ် မြောက်ပိုင်း Baghlan-e-Markazi ခရိုင်အတွင်း ဇန်နဝါရီ ၁၄ ရက်က မောင်းသူမဲလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် တာလီဘန် အဓိက တပ်မှူး Qari Assadullahအပါအဝင် စစ်သွေးကြွ ၈ ဦးသေဆုံးခဲ့ကြောင်း မြောက်ပိုင်းဒေသ စစ်တပ်၏...
အဘူဂျာ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း Ekiti ပြည်နယ် ရှိ လူစည်ကားရာဈေးတစ်ခုအတွင်းသို့ ကုန်တင်ကားတစ်စီးဝင်တိုက်မိရာ လူ ၁၄ဦးသေဆုံးကြောင်း နိုင်ဂျီးရီးယားနိုင်ငံရှိ ပြည်တွင်းအာဏာပိုင်များက ဇန်နဝါရီ ၁၄ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
အာမန်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဂျော်ဒန်နိုင်ငံ ဘုရင် Abdullah IIနှင့် အီဂျစ်နိုင်ငံသမ္မတ Abdel-Fattah al-Sisiတို့သည် ဇန်နဝါရီ ၁၃ ရက် တွင် ဂျော်ဒန်နိုင်ငံအာမန်မြို့၌ တွေ့ဆုံဆွေးစဉ် ပါလက်စတိုင်း ပြည်သူများ၏တရားဝင် အခွင့်အရေးကို ကာကွယ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) အာရပ်အဖွဲ့ချုပ် (League of Arab States)တွင် ဆီးရီးယားနိုင်ငံပြန်လည်ပါဝင်ရန် အီရတ်နိုင်ငံ အနေဖြင့် ထောက်ခံကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီး Mohammad al-Hakim က ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။