ကိဗ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့၏ ဥပဒေရေးရာ အကြီးအကဲများသည် ဒီဇင်ဘာလ ၁၁ ရက်က တွေ့ဆုံကာ MH17 လေယာဉ်ပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အတွက် ဆွေးနွေးခဲ့ကြောင်း ယူကရိန်းနိုင်ငံ ရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ကင်မရွန်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ ဖားနော့သ်ပြည်နယ် တွင် ဒီဇင်ဘာ ၁၁ ရက်က ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့က ပြုလုပ်သည်ဟု ယူဆရသော အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် အနည်းဆုံး အရပ်သား ၂ဦးသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။
ဂျူးဘား၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တောင်ဆူဒန်နိုင်ငံ အလယ်ပိုင်းတွင် ပြိုင်ဘက် ဒင်ကာမျိုးနွယ်စုများအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေသည် ၆၀ဦးအထိမြင့်တက်လာခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
တီဟီရန် ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ ၏ ထုတ်ပြန်ကြေညာချက် အရ အီရန် နိုင်ငံ အနောက်ပိုင်း Kermanshah ပြည်နယ်တွင် ဒီဇင်ဘာ ၁၁ ရက်၌ ပြင်းအား ၆.၀ အဆင့်ရှိသော ငလျင်...
တီဟီရန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံသမ္မတ ဟက်ဆန်ရိုဟာနီ က ဆော်ဒီအာရေဗီးယားနိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံ နှင့် ဆက်ဆံရေးကို အဆုံးသတ်လိုက်ပါက အီရန်နိုင်ငံသည် ဆော်ဒီ နှင့် ချစ်ကြည်ရေးပြန်လည်တည်ဆောက်သွား မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားလိုက်သည်။
ဂျေရုဆလင် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့အပြင်ဘက်ရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခု၌ ဒီဇင်ဘာ ၁ဝ ရက်တွင် ပါလက်စတိုင်းလူမျိုးတစ်ဦး၏ ဓားဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ဂျေရုစလင် ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ) ပြီးခဲသော ဒီဇင်ဘာ ၈ ရက်က ဆန္ဒပြသူ ထောင်ပေါင်းများစွာ ရှိခဲ့ရာမှ လျော့ကျသွားခဲ့သော်လည်း ပါလက်စတိုင်းလူမျိုး ရာပေါင်းများစွာသည် အနောက်ဘက်ကမ်း၌ အစ္စရေးဆန့်ကျင်ရေးဆန္ဒပြပွဲများကို ပြင်းထန်စွာ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ဂါဇာ၊ အနောက်ဘက်ကမ်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းသို့ ဒီဇင်ဘာလ ၈ ရက်ညပိုင်းက အစ္စရေးမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သေဆုံးသူ အရေအတွက် ၃ ဦး ရှိလာခဲ့ကြောင်း ဂါဇာ ကျန်းမာရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် Asraf Qedra က ယနေ့...
အမ်မန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဂျော်ဒန်နိုင်ငံ ဘုရင် အဗ္ဗဒူလာ ၂ (Abdullah II) က အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ် သတ်မှတ်ခြင်း နှင့်အတူ ပါလက်စတိုင်းတို့၏ လွတ်လပ်သော နိုင်ငံတည်ထောင်ခြင်းကို ဂျော်ဒန်နိုင်ငံက အပြည့်အဝ ထောက်ခံကြောင်း ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု...
ဂျေရုစလင် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ဂျေရုစလင်မြို့ကို အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် အသိအမှတ်ပြု ဆုံးဖြတ်ခဲ့ပြီးနောက်တွင် ယင်းဆုံးဖြတ်ချက်အား ဆန့်ကျင်ကန့်ကွက်သည့် ပါလက်စတိုင်းဆန္ဒပြသမားများအား အစ္စရေးစစ်တပ် နှင့် ရဲတပ်ဖွဲ့က အနောက်ဘက်ကမ်းခြေမြို့တော် Bethlehem ၌ ဒီဇင်ဘာလ ၇ ရက်တွင် ပစ်ခတ်နှိမ်နင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)