Connect with us

Africa & Middle East

ဆိုမာလီယာအစိုးရတပ်က အယ်လ်ရှာဘတ်လက်နက်ကိုင် ၈ ဦးအား ပစ်ခတ်ရှင်းလင်း

ဆိုမာလီယာ မိုဂါဒစ်ရှူးတွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေရာတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှူး ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံ တောင်ပိုင်း Baidoa ဒေသတွင် အောက်တိုဘာ ၁၅ ရက်က ဆိုမာလီအစိုးရတပ် နှင့် အယ်လ်ရှာဘတ်အစွန်းရောက်လက်နက်များအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အယ်လ်ရှာဘတ်လက်နက်ကိုင် ၈ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အစိုးရတပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အပြန်အလှန်ပစ်ခတ်မှုများတွင် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး လူအချို့ဒဏ်ရာရရှိခဲ့ကြောင်း ဆိုမာလီယာအစိုးရတပ်အရာရှိ Ismail Khalif Shire က ဆင်ဟွာကို ပြောကြားခဲ့သည်။

အယ်လ်ရှာဘတ်လက်နက်ကိုင်များက အောက်တိုဘာလ ၁၃ ရက်နေ့ Baidoa တွင် ဖောက်ခွဲ တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၂၀ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အမေရိကန်စစ်တပ်က ဆိုမာလီယာအစိုးရ၏အကူအညီဖြင့် အောက်တိုဘာ ၁၄ ရက်က ဆိုမာလီယာတောင်ပိုင်းရှိ အယ်လ်ရှာဘတ်များကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အစွန်းရောက်အဖွဲ့ဝင် ၄ ဦး အား ရှင်းလင်းနိုင်ခဲ့ကြောင်း အာဖရိကနိုင်ငံဆိုင်ရာ အမေရိကန် စစ်ဌာနချုပ်၏ အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်များအရ သိရသည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်(al-Shabaab)သည် အယ်လ်ကိုင်ဒါး(Al-Qaeda)နှင့်ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့အစည်းဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့် အိမ်နီးချင်းနိုင်ငံများတွင် အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့သည်။ အယ်လ်ရှာဘတ်အစွန်းရောက်အဖွဲ့အား အမြစ်ပြုတ်ချေမှုန်းရန် ဆိုမာလီယာအစိုးရတပ်သည် အာဖရိက မဟာမိတ်တပ်များနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.