Connect with us

Africa & Middle East

ပျောက်ဆုံးနေသည့် ဆော်ဒီ သတင်းထောက် သေဆုံးမှုနှင့်ပတ်သက်၍ လူ ၁၈ ဦးကို ဖမ်းမိ

ဆော်ဒီ သတင်းထောက် Jamal Khashoggi ၏ ဓာတ်ပုံအား ကိုင်ဆောင်ကာ ဆန္ဒပြနေသူများအား အောက်တိုဘာလ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်၊ အော်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ပျောက်ဆုံးနေသော ဆော်ဒီ သတင်းထောက် Jamal Khashoggi သေဆုံးမှုနှင့်ပတ်သက်၍ လူ ၁၈ ဦးအား ဖမ်းဆီးထားကြောင်း ဆော်ဒီအာရေဗျနိုင်ငံက အောက်တိုဘာလ ၂၀ ရက်တွင် ပြောကြားလိုက်ကြောင်း Saudi Press Agemcy (SPA) က သတင်းဖော်ပြခဲ့သည်။

Khashoggi သည် အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံး၌ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးသွားခဲ့ကြောင်း အစိုးရရှေ့နေမှ ကနဦးစုံစမ်းစစ်ဆေးမှုအရ ထုတ်ဖော်ပြောကြားထားကြောင်း SPA က ဖော်ပြထားသည်။အဆိုပါ အမှုအား ဆက်လက် စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်း အစိုးရရှေ့နေက အတည်ပြုပြောကြားခဲ့သည်။ဆော်ဒီအာရေဗျနိုင်ငံက Khashoggi အား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုရသည်ဟူသော စွပ်စွဲချက်များကို ဆော်ဒီအစိုးရက အစောပိုင်းတွင် ထပ်ကာထပ်ကာ ငြင်းဆိုထားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.