Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်း တွင် ပူးပေါင်းပါဝင်ရန် ပြင်ဆင်ပြီး ဖြစ်ကြောင်း အီရန် နိုင်ငံ ပြောကြား

ဆီးရီးယား နိုင်ငံ တွင် တိုက်ပွဲကြောင့် ပျက်ဆီး ခဲ့ရသည့် အဆောက်အဦ များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က အောက်တိုဘာ ၁၅ ရက် ၌ ဆီးရီးယား နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် တွင် ပူးပေါင်းပါဝင်ရန် ပြင်ဆင်ပြီး ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က လတ်တလော နှစ်ပိုင်း အတွင်း အီရန် နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ အကြမ်းဖက်သမား တိုက်ခိုက်ရေး ဆောင်ရွက်ရာတွင် အမြဲပူးပေါင်း ပါဝင် ခဲ့ပြီး တိုက်ပွဲများ ပြီးဆုံးချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန် ဆောင်ရွက်ရာတွင်လည်း တက်ကြွစွာ ပူးပေါင်းပါဝင် သွားမည် ဖြစ်ကြောင်း ၊ ဆီးရီးယား နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်း ဆောင်ရွက်ရာတွင် အီရန် နိုင်ငံ ကဏ္ဍ အသီးသီး ရှိ လုပ်ငန်းများ ကလည်း ပူးပေါင်းပါဝင် သွားကြမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အီရန် နိုင်ငံ ၏ ထုတ်ပြန်ကြေညာချက် အရ လတ်တလော ကာလ အတွင်း ဆီးရီးယား နိုင်ငံ အစိုးရ ၏ ဖိတ်ခေါ်မှု အရ အီရန် နိုင်ငံ က စစ်ရေး အကြံပေး ပုဂ္ဂိုလ် စေလွှတ် ပေးခဲ့ပြီး အကြမ်းဖက်သမား များ တိုက်ခိုက်ရေး တွင် ပါဝင် ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဆီးရီးယား နိုင်ငံ အစိုးရ က နိုင်ငံ အတွင်းရှိ ဒေသ အများစု ကို ပြန်လည် သိမ်းပိုက်ပြီး ဖြစ်ကာ Idlib ပြည်နယ် က ဆီးရီးယား ဆန့်ကျင်ရေး တပ်ဖွဲ့ နှင့် အကြမ်းဖက် တပ်ဖွဲ့ ဝင်များ နောက်ဆုံး တည်ရှိနေသည့် ပြည်နယ် တစ်ခု ဖြစ်သည်။ အီရန် နိုင်ငံ က ယင်းကျန်ရှိသည့် ပြည်နယ် တွင် စစ်ရေး ဆောင်ရွက်မှု ပြုလုပ်ရန် ဆီးရီးယား နိုင်ငံ အစိုးရ အား အကြိမ်ကြိမ် တိုက်တွန်းခဲ့ပြီး ဆီးရီးယား နိုင်ငံ အစိုးရ က ယခုလ ၇ ရက် တွင် Idlib ပြည်နယ် အား သိမ်းပိုက်သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.