မိုဂါဒစ်ရှူး၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမြို့၌ ဒီဇင်ဘာ ၁၄ ရက် အစောပိုင်းက ရဲသင်တန်းကျောင်းတစ်ခုတွင် အသေခံဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၁၈ဦးသေဆုံးပြီး အခြားလူ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပါလက်စတိုင်း နှင့် အစ္စရေးတို့အကြား တင်းမာမှုများ မြင့်တက်နေသည့်ကြားက ဒီဇင်ဘာ ၁၃ ရက် ညတွင် ဂါဇာမှ အစ္စရေးဘက်သို့ ဒုံးကျည် ၃စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနိုင်ငံ၏ ထုတ်ပြန်ချက်အရသိရသည်။
ဆာနား၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံရှိ သူပုန်များထိန်းချုပ်ထားရာ မြို့တော် ဆာနားမြို့ရှိ ရုရှားသံရုံးမှ သံရုံးအမှုထမ်း ၁၈ဦးကို ရုရှားနိုင်ငံ က ပြန်လည်ခေါ်ယူခဲ့ပြီး နိုင်ငံအတွင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ရုရှားသံရုံးအား ပိတ်ခဲ့ကြောင်း ဟူသီတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၃ရက်တွင်ပြောကြားခဲ့သည်။
တီဟီရန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ ကာမန်ပြည်နယ် ဟိုဂျက်ခ်မြို့တွင် ဒီဇင်ဘာ ၁၃ရက် နံနက်ပိုင်းက ရစ်ချ်တာစကေး ၆.၁ ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၅၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် IRIB ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
ကိဗ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့၏ ဥပဒေရေးရာ အကြီးအကဲများသည် ဒီဇင်ဘာလ ၁၁ ရက်က တွေ့ဆုံကာ MH17 လေယာဉ်ပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အတွက် ဆွေးနွေးခဲ့ကြောင်း ယူကရိန်းနိုင်ငံ ရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ကင်မရွန်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ ဖားနော့သ်ပြည်နယ် တွင် ဒီဇင်ဘာ ၁၁ ရက်က ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့က ပြုလုပ်သည်ဟု ယူဆရသော အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် အနည်းဆုံး အရပ်သား ၂ဦးသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။
ဂျူးဘား၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တောင်ဆူဒန်နိုင်ငံ အလယ်ပိုင်းတွင် ပြိုင်ဘက် ဒင်ကာမျိုးနွယ်စုများအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေသည် ၆၀ဦးအထိမြင့်တက်လာခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
တီဟီရန် ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ ၏ ထုတ်ပြန်ကြေညာချက် အရ အီရန် နိုင်ငံ အနောက်ပိုင်း Kermanshah ပြည်နယ်တွင် ဒီဇင်ဘာ ၁၁ ရက်၌ ပြင်းအား ၆.၀ အဆင့်ရှိသော ငလျင်...
တီဟီရန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံသမ္မတ ဟက်ဆန်ရိုဟာနီ က ဆော်ဒီအာရေဗီးယားနိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံ နှင့် ဆက်ဆံရေးကို အဆုံးသတ်လိုက်ပါက အီရန်နိုင်ငံသည် ဆော်ဒီ နှင့် ချစ်ကြည်ရေးပြန်လည်တည်ဆောက်သွား မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားလိုက်သည်။
ဂျေရုဆလင် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့အပြင်ဘက်ရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခု၌ ဒီဇင်ဘာ ၁ဝ ရက်တွင် ပါလက်စတိုင်းလူမျိုးတစ်ဦး၏ ဓားဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။