ကဘူးလ် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်နိုင်ငံတကာလေဆိပ်အား တာလီဘန်အကြမ်းဖက်သမားများက စက်တင်ဘာလ ၂၇ ရက်တွင် တိုက်ခိုက်ခဲ့ပြီးနောက် တာလီဘန် ၃ ဦး နှင့် အရပ်သား ၁ ဦး သေဆုံးပြီး အခြား လူ ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့မြောက်ဘက်ခြမ်း ရှိ လေဆိပ်တစ်ခုအနီးတွင် စက်တင်ဘာ ၂၇ ရက်က ပေါက်ကွဲမှုတစ်ခု နှင့် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောကြားခဲ့သည်။
ရီယာ့ဒ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ဘုရင် ဆော်မန်ဘင်အဗ္ဗဒူလာဇစ် က နိုင်ငံအတွင်းရှိ အမျိုးသမီးများအား ကားမောင်းလိုင်စင် ထုတ်ပေးရန် စက်တင်ဘာ ၂၆ ရက်က တော်ဝင်အမိန့်ထုတ်ပြန်ခဲ့ကြောင်း ပြည်တွင်းမီဒီယာကဖော်ပြခဲ့သည်။
ဂျေရုစလင် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဂျေရုစလင်မြို့ အနီး၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်အထိ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး နိုင်ငံ...
ဒူဘိုင်း ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဒူဘိုင်းနိုင်ငံ ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(RTA) က ကမ္ဘာ့ပထမဆုံး ကိုယ်တိုင်မောင်းလေပေါ်တက္ကစီ ( AAT- ဒူဘိုင်းအလိုအလျှောက်လေရဟတ်တက္ကစီ) ကို စက်တင်ဘာလ ၂၅ ရက်တွင် Jumeirah ကမ်းခြေဥယျာဉ်၌ သရုပ်ပြမိတ်ဆက်မောင်းနှင်ပြသခဲ့ကြောင်း ဒူဘိုင်းနိုင်ငံပိုင် မီဒီယာက သတင်းဖော်ပြခဲ့သည်။
မော်စကို၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Deir al-Zour မြို့အနီး ရှိ IS စစ်သွေးကြွအုပ်စုက ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် ရုရှားဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ကျဆုံးသွားခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက စက်တင်ဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဆာမန်ဂန်ပြည်နယ် တွင် အကြီးတန်း တာလီဘန် ဘဏ္ဍာရေးမှူး အား အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များက သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက စက်တင်ဘာ ၂၄ ရက်တွင်ထုတ်ပြန်ခဲ့သည်။
ဒမတ်စ်ကက်စ် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဆီးရီးယား၌ အမေရိကန်ဦးဆောင်သောတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် နှိမ်နင်းမှု စစ်ဆင်ရေးများအတွင်း အရပ်သား ၂၆၁၇ ဦးသေဆုံးခဲ့ရပြီး ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသည့် အဖွဲ့တစ်ခုက စက်တင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
QALA-E-NAW ၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း Badghis ပြည်နယ်တွင် တာလီဘန် စစ်သွေးကြွများထံ လက်နက်များနှင့် ခဲယမ်းမီးကျောက်များ ပို့ပေးခဲ့သော အမျိုးသား တစ်ဦးအား အာဖဂန် လုံခြုံရေးညွှန်ကြားမှုဦးစီးဋ္ဌာန (NDS) သို့မဟုတ် ထောက်လှမ်းရေးအေဂျင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အယ်လ်ဂျီးယား ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) အယ်ဂျီးရီးယား နိုင်ငံ ဒေသတွင်း မီဒီယာ များ၏ စက်တင်ဘာ ၂၁ ရက်နေ့ ၌ ဖော်ပြချက်အရ အယ်လ်ဂျီးရီးယား နိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာ ၂၀ ရက်နေ့တွင် ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း...