Connect with us

Africa & Middle East

ဆီးရီးယားမြောက်ပိုင်း ဆန့်ကျင်ရေးလက်နက်ကိုင်များ ထိန်းချုပ်သည့်ဒေသတွင် လက်နက်ဂိုဒေါင်တစ်ခု ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄၀ သေဆုံး

ပေါက်ကွဲမှုတစ်ခုကြောင့် ပြိုကျပျက်စီးနေသည့် အဆောက်အဦအား တွေ့ရစဉ် (ဆင်ဟွာ)

ဒမက်စကက်စ်၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

Idlibပြည်နယ် အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်များ ထိန်းချုပ်သည့် ဒေသတွင် သြဂုတ် ၁၂ ရက်က လက်နက်ဂိုဒေါင်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းအရင်းကို မသိရသေးပါ။

လက်နက်ဂိုဒေါင်သည် Idlibပြည်နယ် တူရကီနှင့် ထိစပ်နေသည့် Sarmadaမြို့တွင်ဖြစ်ကြောင်း ၊ Idlibပြည်နယ်တွင် အဓိကဆန့်ကျင်ရေးလက်နက်ကိုင်အဖွဲ့သည် Tahrir al-Sham ဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် အဆောက်အဦနှစ်ခု လုံးဝပြိုကျ ပျက်စီးခဲ့ကြောင်း ဆီးရီးယားSharm FM ထုတ်လွှင့်ချက်အရ သိရသည်။

လက်နက်ဂိုဒေါင်သည် လူနေအဆောက်အဦ၏အောက်ထပ်တွင်ရှိရာ ပေါက်ကွဲမှုကြောင့် လူအမြောက် အမြား ပိမိနေခြင်းဖြစ်နိုင်ကြောင်း ၊ ဒဏ်ရာပြင်းထန်သူများသောကြောင့် သေဆုံးသည့် လူဦးရေ ထပ်တိုးနိုင်ဖွယ်ရှိကြောင်း ဗြိတိန်နိုင်ငံ ဆီးရီးယားလူအခွင့်အရေးစောင့်ကြည့်အဖွဲ့၏ သတင်းများက ဆိုသည်။

Idlibပြည်နယ်သည် တူရကီနှင့်ဆက်စပ်လျက်ရှိပြီး အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်အဖွဲ့ အမြောက်အမြားရှိရာ နေရာလည်း ဖြစ်သည်။ ယခုကာလများတွင် အစိုးရတပ်၏စစ်ရေးလှုပ်ရှားမှုများ ကြောင့် ဆီးရီးယား တောင်ပိုင်းရှိ အစိုးရဆန့်ကျင်ရေးအင်အားစုများက ၎င်းပြည်နယ်သို့ ဆုတ်ခွာခဲ့သည်။ Tahrir al-Sham အဖွဲ့ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် အစိုးရဆန့်ကျင်ရေးအဖွဲ့များက ဖွဲစည်းခဲ့ခြင်းဖြစ်ပြီး Jabhat Fateh al-Shamက ဦးဆောင်နေခြင်းဖြစ်ကြောင်း ၊ လက်ရှိတွင် ၎င်းအဖွဲ့က Idlibပြည်နယ်ရှိ ဒေသအချို့ကို ထိန်းချုပ်ထားကြောင်းသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117