Connect with us

Africa & Middle East

အာဖဂန်မြောက်ပိုင်း ခရီးသည်တင်ယာဉ်တစ်စီး ဗုံးခွဲတိုက်ခိုက်ရမှုကြောင့် လူူ ၆ ဦး သေဆုံး

ဆေးကုသမှုခံယူနေသည့် ဒဏ်ရာရသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

သြဂုတ် ၈ ရက်က အာဖဂန်နစ္စတန်မြောက်ပိုင်း Balkh ပြည်နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး မောင်းနှင်နေစဉ် လမ်းဘေးဗုံးခွဲ တိုက်ခိုက်ခံရသောကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းပြည်နယ်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုမှာ သြဂုတ် ၈ ရက် နံနက်ပိုင်း ၅ နာရီခွဲခန့်က Balkh ပြည်နယ် Sholgara ဒေသ တောလမ်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ သေဆုံးသူများမှာ သာမန်အရပ်သားများဖြစ်ပြီး ကလေးငယ် ၄ ဦး ပါဝင်ကြောင်း ၊ ယာဉ်လည်း ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့ကြောင်း ယင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Munir Ahmad Farhadက ဆင်ဟွာကို ပြောကြားခဲ့သည်။

တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ လက်ရှိ အချိန်တွင် မည်သည့် အဖွဲ့အစည်းကမှ ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးကြောင်းသိရသည်။

ယခုကာလများတွင် အာဖဂန်စစ်တပ်က Balkh ပြည်နယ် Sholgara ဒေသ၌ တာလီဘန်လက်နက် ကိုင် ရှင်းလင်းရေးများ လုပ်ဆောင်နေသည်ဟု ဒေသခံ တစ်ဦးက ဆိုပါသည်။

အာဖဂန် Pajhwok သတင်းအေဂျင်စီ၏ ထုတ်ပြန်ချက်များအရ ယခုနှစ် ၇ လကြာ ကာလ တွင် အာဖဂန်၌ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခနှင့်အကြမ်းဖက်မှုများကြောင့် လူ ပေါင်း ၁၅၀၀၀ ခန့် သေဆုံး ဒဏ်ရာရခဲ့ကြောင်း ၊ ဇူလိုင်လ တစ်လတည်းတွင်ပင် တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူ ၂၇၀၀ ကျော်ရှိပြီး ဇွန်လနှင့်စာလျှင် ၂၉ % တိုးလာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.