Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ က ဂါဇာ ဒေသ အတွင်း ရှိ လက်နက်ကိုင် အဖွဲ့အစည်း အား ပစ်မှတ်ထား၍ ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်

အစ္စရေး နိုင်ငံ တိုက်လေယာဉ် များက ဂါဇာ ဒေသ အတွင်း ဆောင်ရွက် ခဲ့သည့် ဗုံးကြဲ တိုက်ခိုက်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုစ်စလင် ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ က သြဂုတ်လ ၉ ရက် ညပိုင်း အချိန်တွင် အစ္စရေး နိုင်ငံ အား ဒုံးကျည် ဖြင့် တိုက်ခိုက်ခဲ့ခြင်း အား တုံ့ပြန် သည့် အနေဖြင့် ဂါဇာ ဒေသ အတွင်းရှိ ပါလက်စတိုင်း Hamas အဖွဲ့အစည်း ၏ တပ်စခန်း ၁၂ ခု အား ဗုံးကြဲတိုက်ခိုက်မှု ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

ပါလက်စတိုင်း ဘက် မှ အစ္စရေး နိုင်ငံ ၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း လူမျိုး တစ်ဦး သေဆုံး ခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန် ခဲ့သည့် ကြေညာချက်အရ ယခု အကြိမ် ဆောင်ရွက်ခဲ့သည့် ဗုံးကြဲ တိုက်ခိုက်မှု တွင် Hamas အဖွဲ့အစည်း ၏ စက်ရုံ တစ်ခု ၊ ဂါဇာ ကမ်းခြေ ဒေသ ရှိ မြေအောက်လိုဏ်ဂူ တစ်ခု နှင့် ဒုံးကျည် စသည့် လက်နက်များ ထုတ်လုပ်သည့် စက်ရုံ များကို တိုက်ခိုက်ခဲ့ကြောင်း ၊ သြဂုတ်လ ၈ ရက် ညပိုင်းအချိန်ထိ Hamas အဖွဲ့အစည်း က အစ္စရေး နိုင်ငံ တောင်ပိုင်း ဒေသ သို့ ဒုံးကျည် ၇၀ စင်း ခန့်ဖြင့် တိုက်ခိုက်ခဲ့ရာ ဒုံးကျည် ၁၁ စင်းအား တားဆီး နိုင်ခဲ့ပြီး ကျန် ဒုံးကျည်များက လူသူကင်းမဲ့သည့် ဒေသ တွင် ကျရောက်ခဲ့ကြောင်း သိရှိရသည်။

အစ္စရေး နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ Hamas အဖွဲ့အစည်း ၏ တိုက်ခိုက်မှု ကြောင့် အစ္စရေး နိုင်ငံသား အနည်းဆုံး ၆ ဦး အနည်းငယ် ဒဏ်ရာရရှိမှု ဖြစ်ပွား စေခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် မတ်လ မှစတင်၍ ဂါဇာ ဒေသ ရှိ ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့အစည်း များက အစ္စရေး နိုင်ငံ တောင်ပိုင်း ဒေသ အား ဒုံးကျည်များ ဖြင့် တိုက်ခိုက်မှု အား မကြာခဏ ဆောင်ရွက်ခဲ့ကြပြီး အစ္စရေး နိုင်ငံ မှလည်း တုံ့ပြန်ဆောင်ရွက်မှုများ ပြန်လည် ပြုလုပ်ခဲ့ရာ ဒေသတွင်း တင်းမာမှု အခြေအနေ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.