Connect with us

Africa & Middle East

ယီမင် နိုင်ငံ တွင် ခရီးသည်တင် ဘတ်ကား တစ်စင်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရ ၍ လူပေါင်း ရာချီ သေဆုံးဒဏ်ရာရ

ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်း တပ်ဖွဲ့ ၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ် တစ်ဦးအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကူဝိတ်စီးတီး ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ယီမင် နိုင်ငံ Saada ပြည်နယ် တွင် ကလေးငယ်များ လိုက်ပါလာခဲ့သည့် ခရီးသည်တင် ဘတ်ကား တစ်စင်း သည် သြဂုတ်လ ၉ ရက် က ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်း တပ်ဖွဲ့ ၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ကို ခံခဲ့ရသဖြင့် လူပေါင်း အနည်းဆုံး ၄၃ ဦး သေဆုံး ခဲ့ပြီး ၆၄ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း ရှိ ပြည်သူ တစ်ဦး ၏ ဆင်ဟွာ သတင်းဌာန သို့ ပြောကြားချက်အရ တိုက်ခိုက် ခံရသည့် ဘတ်ကားပေါ်တွင် ကလေးငယ် ၆၀ ကျော် လိုက်ပါခဲ့ပြီး သေဆုံးခဲ့သည့် ကလေးငယ် အများစု မှာ အသက် ၁၀ နှစ်အောက် သာ ရှိသေးကြောင်း သိရှိရသည်။

Saada ပြည်နယ် က ယီမင် ဟူဒီ လက်နက်ကိုင် အဖွဲ့အစည်း ၏ အဓိက တပ်စခန်း တည်ရှိရာ နယ်မြေ ဖြစ်ပြီး ဟူဒီ လက်နက်ကိုင် အဖွဲ့အစည်း ထိန်းချုပ် ထားသည့် ရုပ်သံဌာန က ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်း တပ်ဖွဲ့ က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု များစွာ ဆောင်ရွက် ခဲ့ကြောင်း ထုတ်လွှင့် ခဲ့သည်။

သြဂုတ်လ ၂ ရက် တွင် ယီမင် နိုင်ငံ ဈေးတစ်ခု ၌ လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရမှု ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၅၂ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိ ခဲ့သည်။ ယီမင် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန က ဗုံးကြဲတိုက်ခိုက်မှုအား ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်း တပ်ဖွဲ့ မှ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ လပိုင်း တွင် ယီမင် ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် သမ္မတ Abdrabbuh Mansur Hadi သည် ဆော်ဒီအာရေဗျ နိုင်ငံ သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့သည် ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117