Connect with us

Africa & Middle East

ယီမင်သူပုန်များ ပစ်ခတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်အား ဆော်ဒီက ကြားဖြတ်ပစ်ချ

ဟူသီသူပုန်များ ဆော်ဒီသို့ ဦးတည်ပစ်ခတ်လိုက်သော ပဲ့ထိန်းဒုံးကျည်တစ်စင်းအားတွေ့ရစဉ် (ဆင်ဟွာ/Reuters)

ရီယာ့ဒ်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ဆော်ဒီနိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ဂျာဇန်မြို့ ပေါ်သို့ ဧပြီ ၁၂ရက်ညနေပိုင်းတွင် ဟူသီသူပုန်များ ပစ်ခတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်အား ဆော်ဒီလေတပ် တပ်ဖွဲ့ဝင်များက ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း Al Arabiya ပြည်တွင်း သတင်း၌ဖော်ပြခဲ့သည်။

ဧပြီ ၁၁ ရက်တွင်လည်း ဆော်ဒီလေတပ်သည် မြို့တော် ရီယာ့ဒ်မြို့အပါအဝင် ဆော်ဒီသို့ ဦးတည်ပစ်ခတ်လာသော ပဲ့ထိန်းဒုံးကျည်၃စင်းကို ကြားဖြတ်ဖျက်စီးနိုင်ခဲ့ကြောင်း သိရသည်။

ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့၏ ပူးတွဲတပ်ဖွဲ့တပ်မှူး က အီရန်မှ ကျောထောက်နောက်ခံ ပေးထားသော ဟူသီသူပုန်များသည် ပြည်သူများ၏ နေရာများ နှင့် ပြည်သူများအပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်နေသည့် အပေါ် သတိပေးပြောကြားခဲ့ပြီး ယင်း အကြမ်းဖက်လုပ်ရပ်များကို သေချာပေါက် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ညွန်ပေါင်းတပ်ဖွဲ့က ယီမင် ဟူသီသူပုန်များအား မတ်လတွင် စတင်တိုက်ခိုက်ခဲ့သော ၃နှစ်ပြည့်မြောက်ပြီးကတည်းက ယင်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုမျိုးများ တိုးများလာခဲ့ပြီး စစ်သွေးကြွများအား လက်နက်များ၊ အခြားထောက်ပံ့မှုများ ဖြင့် ကျောထောက်နောက်ခံပေးထားသော အီရန်နိုင်ငံကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.