Connect with us

Asia

ဂျပန်တွင် အင်အား ၅.၃ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ခြင်းမရှိ

ငလျင်တိုင်းတာမှု ပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ မြောက်ဘက်စွန်း ရှိ ဟိုကိုင်းဒိုးစီရင်စု တွင် အောက်တိုဘာ ၅ ရက်က အင်အား ၅.၃ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။

ငလျင်သည် ဒေသစံတော်ချိန် နံနက် ၈း၅၈နာရီ တွင် မြောက်လတ္တီကျု ၄၂.၆ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၄၂ ဒီဂရီ ရှိ မြေပြင်အနက် ၃၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိသူ နှင့် ပျက်စီးမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးဘဲ ဆူနာမီ သတိပေးချက်လည်း ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.