Connect with us

Asia

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ရှိ မီးတောင် ပထမဆုံးအကြိမ် လှုပ်ခတ်

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ရှိ ရှင်မိုးမီးတောင်မှ အောက်တိုဘာ ၁၁ ရက်တွင် ပြာပူများ မှုတ်ထုတ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ရှိ မီးတောင်တစ်ခုသည် အောက်တိုဘာ ၁၁ရက် အစောပိုင်းတွင် လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဋ္ဌာနက ပြောကြားခဲ့သည်။

မိုးလေဝသဋ္ဌာနက သတိထားစောင့်ကြည့်နေသည့် မီးတောင်ရှင် ၅၀အနက်တစ်ခုဖြစ်သော ရှင်မိုးမီးတောင်သည် ဒေသစံတော်ချိန် နံနက် ၅း၃၄နာရီတွင် လှုပ်ခတ်ခဲ့ပြီး ပြာပူများသည် မီးတောင်ထိပ်ဝမှ မီတာ ၃၀၀အမြင့်အထိမြင့်တက်ခဲ့ကြောင်း ဋ္ဌာနကပြောကြားခဲ့သည်။

ထိုမီးတောင်က ၂၀၁၁ခုနှစ်တွင် လှုပ်ခတ်မှုကြီးတစ်ခုဖြစ်ပွားပြီးနောက် ၎င်းက ပထမဆုံးအကြိမ် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးတောင်သည် ကာဂိုရှီးမားစီရင်စု နှင့် မီရာဇာကီစီရင်စု ထိစပ်ရာဒေသတွင် တည်ရှိပြီး စက်တင်ဘာလ နှောင်းပိုင်းကတည်းက လှုပ်ခတ်မှုပြင်းထန်သည့် လက္ခဏာများ ပြသခဲ့ကြောင်း သိရသည်။

မီးတောင်ကြောင့်ဖြစ်ပေါ်လာသော ငလျင်လှုပ်ခတ်မှု သည် တစ်ရက်လျှင် အကြိမ်၁၀၀ခန့် ရှိပြီး ပြာပူများသည် မီရာဇာကီစီရင်စု ရှိ ဧရိယာအချို့ပေါ်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။

မိုးလေဝသဋ္ဌာနက မီးတောင်သတိပေးချက်ကို အောက်တိုဘာ ၅ရက်နှောင်းပိုင်းတွင် အဆင့် ၂အထိ တိုးမြှင့်ခဲ့ပြီး မီးတောင်ထိပ်ဝအနီးသို့ သွားရောက်ခြင်းမပြုရန် ပြည်သူများအား သတိပေးထားကြောင်း သိရသည်။

မီးတောင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများ နှင့် အပျက်အစီးမှုများ မရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.