Connect with us

Asia

နိုင်ဂျီးရီးယားနိုင်ငံနေရာအနှံ့အပြားတွင်မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွား၍ လူ ၄၂ ဦးသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံမိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွား ၍ရေကြီးနေပုံ (အင်တာနက်)

စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

ယခုရက်များတွင်နိုင်ဂျီးရီးယားနိုင်ငံနေရာအနှံ့အပြားတွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုများဖြစ်ပွား၍လူ ၄၂ ဦးသေဆုံးခဲ့ရကြောင့်ယင်းနိုင်ငံ၏လူသားချင်းစာနာထောက် ထားမှု

အဖွဲ့နှင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်ကပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံတွင် ဇူလိုင်လ မှ စက်တင်ဘာ၂ ရက်ထိမိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံး သူ ၄၂ ဦး ၊ ထိခိုက်ဒဏ်ရာရရှိသူ ၆၉,၃၈၁ ဦး ၊ အိမ်ခြေပေါင်း ၅,၄၉၇ လုံးပျက်စီးဆုံးရှုံး ခဲ့ရပြီး ယင်းနိုင်ငံ၏တောင်ပိုင်းဒေသ Maradi တွင်လည်းထိခိုက်သေဆုံးမှုများအများဆုံးဖြစ် ပွား၍နိုင်ဂျီးရီးယားအစိုးရကအချိန်မီကယ်ဆယ်ရေးလုပ်ငန်းများကိုအတတ်နိုင်ဆုံးပြည်သူလူထုများအားကယ်ထုတ်နိုင်ရန်လူသားချင်းစာနာထောက်ထားမှုအဖွဲ့နှင့်ဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့များကိုဝန်ကြီးကပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံတွင်နှစ်တိုင်း ဇူလိုင် နှင့် စက်တင်ဘာလ ပိုင်းတွင်ရေကြီးရေလျှံမှုများဖြစ်ပွား

ခဲ့ပြီး ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သောယင်းနိုင်ငံ၏ရေကြီးရေလျှံမှုသည် နှစ်ပေါင်း ၈၀ အတွင်းအဆိုးဝါး ဆုံး သောသဘာဝဘေးအန္တရာယ်ဖြစ်ပြီး သေဆုံး သူ ၈၈ ဦး ၊ ထိခိုက်ဒဏ်ရာရရှိသူ ၅ သိန်း ရှိခဲ့ကြောင်းသိရှိရသည်။(Xinhua)