Connect with us

Asia

အီရန်နှင့် နျူကလီးယားအရေး ကနဦး သဘောတူညီချက်ရ

အီရန် နျူကလီးယား အရေးဆွေးနွေး ပွဲအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဆွစ်ဇာလန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

အီရန် နျူကလီးယား ပြဿနာနှင့် ပက်သက်၍ ကမ္ဘာ့ အင်အားကြီး ခြောက်နိုင်ငံ ဖြစ်သည့် United State၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီ နှင့် အီရန်တို့ ကနဦး သဘော တူညီချက် ရရှိလိုက်ပြီ ဖြစ်ပြီး နောက် တစ်ဆင့်တွင် နောက်ဆုံး သဘောတူညီချက် ရနိုင်မှာ ဖြစ်သည်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုအပြီး၌ ပူးတွဲ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်ဟု အီရန် နိုင်ငံခြားရေး ဝန်ကြီး Zarif Mogailini ကဆိုသည်။ ဆွစ်ဇာလန် နိုင်ငံ၊ Lausanne မြို့မှာ ရှစ်ရက်ကြာ ဆွေးနွေး ပြီးတဲ့ နောက် အခုလို သဘောတူညီချက် ရသွားတဲ့ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်နိုင် ခဲ့တာပါ။

ဒီသဘော တူညီချက် အရ အီရန်ရဲ့ နျူကလီးယား ဆိုင်ရာ လုပ်ဆောင်ချက် တွေကို ကန့်သတ် လိုက်တာကြောင့် Natanz နေရာ တခုပဲ ယူရေနီယမ် သန့်စင်တဲ့ နေရာ အဖြစ် ရှိတော့ မယ်လို့ Mogailini က ပြောပါတယ်။ အီရန် ဘက်က လုပ်ဆောင်ချက်ကို အတည်ပြု နိုင်ပြီ ဆိုတာနဲ့ EU နဲ့ အမေရိကန် ပြည်ထောင်စု တို့က ချမှတ် ထားတဲ့ စီးပွားရေး ဆိုင်ရာ ဒဏ်ခတ် အရေးယူမှု အားလုံးကို ရုပ်သိမ်း ပေးဖို့ သဘော တူညီချက် ထဲမှာ ပါပါတယ်။

သို့ပေမယ့် အကြမ်း ဖက်မှုကို အားပေးလို့၊ လူ့အခွင့် အရေး ချိုးဖောက်မှု တွေအတွက် ချမှတ်ထားတဲ့ တခြား ဒဏ်ခတ် အရေးယူ မှုတွေ ကတော့ ဆက်ရှိ နေမယ်လို့ Lausanne မြို့မှာ သဘော တူညီချက် ရရှိအပြီး သိပ်မကြာခင်မှာပဲ အမေရိကန် သမ္မတ ဘရာ့ခ် အိုဘားမားက ပြောသွား ပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.