Asia
ဂျပန်နိုင်ငံ ရှီဇူအိုကာမြို့တွင် ၁၉၃၇ ခုနှစ် နန်ကျင်း လူအစုလိုက်အပြုံလိုက် အသတ်ခံရမှု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

ရှီဇူအိုကာ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ရှီဇူအိုကာမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့သော ၁၉၃၇ ခုနှစ် နန်ကျင်း လူအစုလိုက်အပြုံလိုက် အသတ်ခံရမှု (Nanjing Massacre) အောက်မေ့ဖွယ် အခမ်းအနားသို့ လူပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်ကျင်း လူ အစုလိုက်အပြုံလိုက်အသတ်ခံရမှုမှ အသက်ရှင်ကျန်ရစ်ပြီး ၂၀၀၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သူ Lu Ling က ၎င်း၏ မိခင် အကြောင်းအား ပြန်လည်မျှဝေခဲ့သည်။
ဂျပန်နိုင်ငံ ရှီဇူအိုကာမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့သော ၁၉၃၇ ခုနှစ် နန်ကျင်း လူအစုလိုက်အပြုံလိုက် အသတ်ခံရမှု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

Lu ၏ မိခင် ၁၉၁၉ ခုနှစ်တွင်း မွေးဖွားခဲ့သော Li Xiuying သည် ဂျပန်စစ်သားများက ၃၇ ကြိမ်တိုင် ဓားဖြင့် အထိုးခံခဲ့ရပြီး အဆိုပါ လူအစုလိုက်အပြုံလိုက် အသတ်ခံရမှုတွင် Li Xiuying ၏ သမီးလေးလည်း ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
“အဲဒီ လူအစုလိုက်အပြုံလိုက်အသတ်ခံရမှုက ကျွန်မတို့ မိသားစု၊ နန်ကျင်းက ပြည်သူတွေနဲ့ တရုတ်လူမျိုးတွေ အတွက် စိတ်ဒဏ်ရာတွေ ရရှိစေခဲ့ပါတယ်” ဟု Lu က ဆိုသည်။
ရှီဇူအိုကာတက္ကသိုလ်မှ ငြိမ်းချမ်းရေးဘာသာဗေဒ ပါမောက္ခဟောင်း Masataka Mori က “ဒီဘက်ခေတ်က လူငယ်တွေက သမိုင်းကြောင်းတွေကို မသိတဲ့လူငယ်တွေ တဖြည်းဖြည်းနဲ့ များလာခဲ့ပြီ။ နန်ကျင်း လူအစုလိုက်အပြုံလိုက် အသတ်ခံရမှုရဲ့ နှစ် ၈၀ ပြည့် အခါသမယမှာ သမိုင်းကြောင်း အမှန်တရား ဖြတ်သန်းမှုကို လူတွေ ပိုပြီးသိလာနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
၁၉၃၇ ခုနှစ်တွင် နန်ကျင်းမြို့တွင် တရုတ်နိုင်ငံ အရပ်သားများနှင့် လက်နက်မဲ့စစ်သားများ အပါအဝင် လူပေါင်း ၃၀၀,၀၀၀ ကျော်အား ဂျပန်စစ်တပ်က သတ်ခဲ့ကြောင်း သိရသည်။ (Xinhua)