Connect with us

Asia

ဗီယက်နမ်တွင် ဘိန်းဖြူကိတ်မုန့်အခု ၁၄၀၀ ကျော် ရောင်းဝယ်မှုဖြင့် လူ ၉ဦးအားသေဒဏ်ချမှတ်

ဗီယက်နမ်နိုင်ငံ တွင် မူးယစ်ဆေးဝါးအမှုဖြင့် ရုံးတင်စစ်ဆေးခံရသူအချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Hoa Binh ပြည်နယ် ရှိ ပြည်သူ့တရားရုံးက တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ တရားမဝင် စစ်လက်နက်ပစ္စည်းများ လက်ဝယ်ကိုင်ဆောင်ထားရှိမှု နှင့် အခြားရာဇဝတ်မှု စွဲချက်များဖြင့် စွဲချက်တင်ခံထားသော မူးယစ်တရားခံ ၂၃ဦးအနက် တရားခံ ၉ဦးအား သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ပထမဆုံး ရုံးတင်စစ်ဆေးမှုအား ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး မတ်လ ၂၁ ရက်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ စစ်ဆေးမှုပြီးနောက် တရားခံ ၂၃ဦးသည် အလေးချိန် တစ်တန်ဝက်ရှိသည့် ဘိန်းဖြူကိတ်မုန့်အခု ၁၄၁၅ခုအား ၂၀၁၂ခုနှစ် နှင့် ၂၀၁၅ခုနှစ်အတွင်း ရောင်းဝယ်မှုတွင် ပါဝင်ခဲ့၍ အပြစ်ရှိသည်ကို တွေ့ရှိခဲ့ကြောင်း ပြည်တွင်းသတင်းစာ Quan Doi Nhan Dan (ပြည်သူ့စစ်တပ်) က မတ်လ ၂၂ ရက်တွင်ဖော်ပြခဲ့သည်။

တရားခံများအနက် ၉ဦးအား သေဒဏ်ချမှတ်ခဲ့ပြီး အခြား ၉ဦးအား တစ်သက်တစ်ကျွန်း၊ ၄ဦးအား ထောင်ဒဏ် ၁၇နှစ်မှ ၂၀နှစ်အထိ နှင့် အမျိုးသမီးတစ်ဦအား ရာဇဝတ်မှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အား အသိပေးရန် ပျက်ကွက်မှုဖြင့် ထောင်ဒဏ် ၁၈ လ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တရားခံများသည် တရားမဝင် စစ်လက်နက်ပစ္စည်းများ လက်ဝယ်ကိုင်ဆောင်ထားမှု နှင့် ရာဇဝတ်ကောင်များအား သိုဝှက်ပေးထားခြင်းစသည့် ပြစ်မှုများဖြင့်လည်း စွပ်စွဲပြစ်တင်ခံထားရကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ၏ ဥပဒေအရ ဘိန်းဖြူ ၆၀၀ဂရမ်နှင့်အထက် (သို့) စိတ်ကြွဆေး ၂.၅ကီလိုဂရမ် အား ပိုင်ဆိုင်ထားကြောင်း (သို့) မှောင်ခိုကူးကြောင်း တွေ့ရှိပါက သေဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘိန်းဖြူ ၁၀၀ ဂရမ် (သို့) အခြားတရားမဝင် မူးယစ်ဆေးဝါး ၃၀၀ ဂရမ်အား ထုတ်လုပ်ခြင်း (သို့) ရောင်းချပါက လည်း သေဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.