Connect with us

Asia

သီရိလင်္ကာသမ္မတ နှစ်ပေါင်း ၄၃နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားသို့ တရားဝင်ခရီးစဉ်ထွက်ခွာ

သီရိလင်္ကာနိုင်ငံ သမ္မတ မိုင်သရီပါလာ ဆီရီစီနာ အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိုလန်ဘို၊ မတ် ၂၂ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ သမ္မတ မိုင်သရီပါလာ ဆီရီစီနာ သည် ရုရှားနိုင်ငံသို့ မတ် ၂၂ ရက် က တရားဝင်ခရီး ထွက်ခွာသွားခဲ့ကြောင်း သမ္မတရုံးကပြောကြားခဲ့သည်။

သမ္မတ ဆီရီစီနာ၏ ယခု ရုရှားနိုင်ငံ ခရီးစဉ် သည် ဝန်ကြီးချုပ် Sirimavo Bandaranaike ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သော ၁၉၇၄ခုနှစ် နောက်ပိုင်းတွင် သီရိလင်္ကာနိုင်ငံခေါင်းဆောင်တစ်ဦး အနေဖြင့် ပထမဆုံး ရုရှားနိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်သည် ၂၀၁၇ခုနှစ်အတွင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု နှစ် ၆၀ပြည့်အခမ်းအနား ကျင်းပရန် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က အစောပိုင်း၌ပြောကြားခဲ့သည်။

ရုရှားခရီးစဉ်အတွင်း သမ္မတ ဆီရီစီနာ သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် မတ်လ ၂၃ ရက်တွင် တွေ့ဆုံကာ နှစ်နိုင်ငံအစည်းအဝေးပွဲတစ်ခု ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

နှစ်နိုင်ငံ အကြား ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ အား ရှေ့ဆက်၍ အဆင့်မြှင့်တင်မှုများအပါအဝင် ကြာရှည်စွာတည်ရှိခဲ့သော နှစ်နိုင်ငံချစ်ကြည်ရေး အတွင်း ပြုလုပ်ခဲ့သည့် ကိစ္စရပ်များအား ပြန်လည်သုံးသပ်ခြင်းတို့ကို တရားဝင် ဆွေးနွေးမှုများအတွင်း ထည့်သွင်းဆွေးနွေးသွားမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

ထို့ပြင် သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ငါးဖမ်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု နှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ တွင် နှစ်နိုင်ငံသဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း သိရသည်။

နှစ်နိုင်ငံအကြား ကုန်သွယ်ရေး နှင့် စီးပွားရေး ချိတ်ဆက်မှုများအား တက်ကြွစွာ အဆင်မြှင့်တင်နိုင်ရန် သီရိလင်္ကာ-ရုရှား စီးပွားရေးဖိုရမ် ကို မော်စကိုမြို့တွင် ကျင်းပသွားမည်ဖြစ်ကာ သီရိလင်္ကာနိုင်ငံကိုယ်စားပြု အဖြစ် သီရိလင်္ကာ ရုရှား စီးပွားရေးကောင်စီ ၏ ကိုယ်စားလှယ်အဖွဲ့က တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး Mangala Samaraweera နှင့် အခြား အစိုးရအဖွဲ့ဝင် ဝန်ကြီး ငါးဦး သည် သမ္မတ နှင့်အတူ ရုရှားခရီးစဉ်သို့လိုက်ပါသွားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.