နယူးဒေလီ၊ မတ် ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့စွန်တွင် မတ်လ ၂၉ ရက် နံနက်ပိုင်းက ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတစ်စီး ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြားသူ ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဘန်ကောက်၊ မတ် ၂၉ ရက် (ဆင်ဟွာ) China Mobile International (CMI) နှင့် ထိုင်းနိုင်ငံ မိုဘိုင်းလုပ်ငန်း TrueMove H တို့က ထိုင်းနှင့် တရုတ် ဖုန်းနံပါတ်များ ပေါင်းစပ်ထည့်သွင်းထားသော ပထမဆုံး ဆက်သွယ်ရေး ဝန်ဆောင်မှု CMLink TrueMove H Thailand...
ဗလာဒီဗော့စတော့၊ ရုရှား၊ မတ် ၂၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အရှေ့ဖျား ကမ်ချတ်တာကျွန်းဆွယ် ကမ်းရိုးတန်းတွင် ပမာဏ ၆.၃ ရှိသော အင်အားပြင်း ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း အာဏာပိုင်များက မတ်လ ၂၉ ရက်၌ ပြောကြားလိုက်သည်။
ဝယ်လင်တန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ အနောက်ဘက်ကမ်းခြေအတွင်း ပြင်းထန်သည့်ရာသီဥတုကြောင့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ရပြီးနောက် မတ် ၂၈ ရက်နေ့တွင် အရေးပေါ်အခြေအနေကြေညာမှု တတိယမြောက်နေ့ သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဖနွမ်းပင် ၊ မတ် ၂၈ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယား နိုင်ငံသို့တရုတ် ခရီးသွား ဧည့်သည်များ ဝင်ရောက် လည်ပတ်မှုမှာ ယခု ၂၀၁၉ ခုနှစ်၏ ပထမ နှစ်လ အတွင်း ၄၁၈,၅၇၂ ဦး ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၃၁.၇ ရာခိုင်နှုန်း မြင့်တက်...
နယူးဒေလီ၊ မတ် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ က အိန္ဒိယသိပ္ပံပညာရှင်များသည် အနိမ့်ပိုင်းကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်း (LEO) ပေါ်တွင် လည်ပတ်နေသော ဂြိုဟ်တုတစ်လုံးကို ဂြိုဟ်တုတားဆီးရေးလက်နက် A-SAT ဖြင့် ပစ်ချခဲ့ကြောင်း မတ် ၂၇ ရက်တွင် အံသြဖွယ် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
ဟနွိုင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Vinh Phuc ပြည်နယ် တွင် မတ် ၂၇ ရက် နံနက်ပိုင်း က ဈာပနအခမ်းအနားတစ်ခုသို့ ၄၅ယောက်စီး ခရီးသည်တင် ဘတ်စ်ကားတစ်စီး ဝင်တိုက်ခဲ့ရာ လူ ၇ဦးသေဆုံးပြီး အခြားလူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...
တိုကျို၊ မတ် ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အရှေ့တောင်ပိုင်း ကရူးရှူးကျွန်း ပေါ်ရှိ မီရာဇာကီစီရင်စု တွင် မတ် ၂၇ ရက် က အင်အား ၅.၄ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံမိုးလေဝသဌာန ကပြောကြားခဲ့သည်။
စင်ကာပူ၊ မတ် ၂၆ ရက် (ဆင်ဟွာ) စင်ကာပူလေကြောင်းလိုင်းမှ မွမ်ဘိုင်း-စင်ကာပူ ပြေးဆွဲနေသော လေယာဉ်တစ်စင်းသည် မတ်လ ၂၆ ရက် နံနက်ပိုင်းက လေယာဉ်မှူးမှ ဗုံးသတိပေးချက်ရရှိပြီးနောက် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း၊ ယင်းသတိပေးချက်မှာ နောက်ပြောင်မှုတစ်ခုဟု သိရှိခဲ့ရကြောင်း Straits Times က သတင်းဖော်ပြထားသည်။
ဘန်ကောက်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ခေါင်းဆောင် အဘီဆစ် (Abhisit Vejjajiva) သည် အထွေထွေရွေးကောက်ပွဲ၌ ၎င်းပါတီကမျှော်လင့်ထားသည့် မဲအရေအတွက်မရရှိဘဲ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ရန် မတ် ၂၄ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။