Connect with us

Asia

Yaasဆိုင်ကလုန်းမုန်တိုင်ကုန်းတွင်းပိုင်းသို့ ဝင်ရောက်၊ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတွင် မိုးသက်လေပြင်းများကျရောက်

နယူးဒေလီ၊ မေ ၂၆ ရက် (ဆင်ဟွာ)

Yaas ဆိုင်ကလုန်းမုန်တိုင်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်းသို့ မေ ၂၆ ရက် နံနက်ပိုင်းတွင်ဝင်ရောက်ခဲ့ရာ မိုးနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း အိန္ဒိယမိုးလေဝသဌာနက ပြောသည်။“ယင်းမုန်တိုင်းသည် Balasore မြို့၏တာင်ဘက် ၊ Odisha ပြည်နယ်မြောက်ဘက် အနောက်ဘန်ဂေါကမ်းရိုးတန်း သို့ ဖြတ်သန်းနိုင်ကြောင်းနှင့် နောက် ၃ နာရီ အတွင်း အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်အဖြစ် တစ်နာရီလျှင် ၁၃၀-၁၄၀ ကီလိုမီတာမှ အမြင့်ဆုံးလေတိုက်နှုန်း ၁၅၅ကီလိုမီတာ အထိရောက်ရှိနိုင်ကြောင်း’’ IMD က ဒေသစံတော်ချိန် နံနက် ၉း၁၅ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

နံနက်အစောပိုင်းတွင် အနောက်ဘန်ဂေါပြည်နယ်၏ Digha နှင့် တောင်ဘက်ရှိ Parganas ခရိုင် ၂၄ ခုနှင့် Odisha ပြည်နယ်၊ Kendraparaခရိုင် တွင် ပင်လယ်ပြင်မှ လှိုင်းလုံးကြီးများ တက်လာခြင်း နှင့် လေပြင်း တိုက်ခြင်းများဖြစ်ပေါ်ခဲ့သည်။

အနောက်ဘန်ဂေါပြည်နယ်၏ Purba Medinipur တွင် Ramnagar မှ ရိုက်ကူးထားသော ဗွီဒီယို တစ်ခု၌ ပြင်းထန်သောလှိုင်းလုံးများ က အိမ်များအား ပြင်းထန်စွာရိုက်ခတ်သွားပုံကို တင်ဆက်ထားသည်။

အချို့သော ကမ်းရိုးတန်းဧရိယာများတွင် ရေကြီးနေပြီး လူနေအိမ်များသို့ ရေများဝင်ရောက်လျက်ရှိသည်။ ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ လမ်းများပေါ်တွင် ရေများစီးဝင်လာသဖြင့် လူများသည် ဒူးအနက်ထိ ရေမြုပ်နေသောလမ်းများပေါ်၌ ဖြတ်သန်းသွားလာနေရသည်။

Odisha ပြည်နယ်ရှိ လူပေါင်း သန်းတစ်ဝက်ကျော်ကို မြေနိမ့်ဒေသမှ ပြောင်းရွှေ့ပေးခဲ့ရကြောင်း၊ အနောက်ဘန်ဂေါကမ်းရိုးတန်းတစ်လျှောက်မှ လူပေါင်း ၁.၁၅ သန်းကိုလည်း ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

တောင်ပိုင်းပြည်နယ်များနှင့် Kolkata မြို့သို့ ထွက်ခွါမည့် အနည်းဆုံးရထားခေါက်ရေ ၃၈ ကြောင်း ကို ရပ်ဆိုင်းခဲ့ကြောင်းနှင့် ဝန်ဆောင်မှုများအား စနေနေ့အထိ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံမီးရထားဌာနက ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံ၏အမျိုးသား သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ (NDRF) အနေဖြင့် အဖွဲ့များအား ယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက်အားနည်းသောဒေသများတွင်နေရာချထားပေးခဲ့ကြောင်း NDRF မှညွှန်ကြားရေးမှူးချုပ် S. N. Pradhan ကပြောကြားသည်။

ရေတပ်နှင့် ကြည်းတပ်မှ တပ်ဖွဲ့ဝင်များကိုလည်း ကယ်ဆယ်ရေးအတွက် တပ်ချထားကြောင်း သိရသည်။ Odishaပြည်နယ်၊ အနောက်ဘန်ဂေါ၊ Andhra Pradesh ပြည်နယ်၊ Tamil Nadu ပြည်နယ် နှင့် ကပ္ပလီကျွန်းစုတို့တွင် Yaas ဆိုင်ကလုန်း မုန်တိုင်းအား စောင့်ကြည့်ရန် NDRF အဖွဲ့စုစုပေါင်း ၁၁၅ ဖွဲ့အားချထားကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်က Tauktae တောက်တဲ့ဆိုင်ကလုန်းမုန်တိုင်းအကြီးအကျယ်တိုက်ခတ်ခဲ့သဖြင့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ ကမ်းရိုးတန်းတွင် ရေယာဉ်တစ်စီးနစ်မြုပ်ခဲ့ရာ အနည်းဆုံးလူပေါင်း ၇၀ ခန့် သေဆုံးသွားကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Rain, gusty winds hit India’s eastern coast as cyclone Yaas makes landfall

NEW DELHI, May 26 (Xinhua) — Cyclone Yaas started to make landfall on India’s eastern coast on Wednesday morning, triggering rain and gusty winds, the India Meteorological Department (IMD) said.

“The system would cross north Odisha-West Bengal coasts to the south of Balasore with next three hours as a very severe cyclonic storm with a wind speed of 130-140 km/h gusting to 155 km/h,” the IMD said in its bulletin released at 9:15 a.m. local time.

Early morning visuals from West Bengal state’s Digha and South 24 Parganas districts, and Odisha state’s Kendrapara showed strong winds and waves rising from the sea.
A video from Ramnagar block in West Bengal’s Purba Medinipur showed powerful waves pounding houses.

Some coastal areas have already been flooded and water entered into the residential areas. People were seen wading through knee-deep water on roads along the seafront.
Officials said over half a million people have been shifted from low-lying regions in Odisha, while over 1.15 million people have been evacuated from places along the West Bengal coast.
Indian Railways has announced to cancel at least 38 long-distance passenger trains bound for Kolkata and southern states, and services will remain suspended until Saturday.

India’s national disaster response force personnel (NDRF) teams have been deployed in the vulnerable areas to carry out rescue work, Director-General of NDRF S. N. Pradhan said.
The navy and army teams have also been deployed.

A total of 115 NDRF teams were being deployed in Odisha, West Bengal, Andhra Pradesh, Tamil Nadu, Jharkhand, and Andaman and Nicobar Islands in view of cyclone Yaas.
Last week, cyclone Tauktae wreaked havoc as at least 70 people were killed after a barge off the coast of the Indian city of Mumbai sank amid the severe cyclone. Enditem