ခတ္တမန္ဒူ ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း၏ အကြီးဆုံး အရင်းအမြစ်မှာ တရုတ် နိုင်ငံ အဖြစ် ပေါ်ထွက် လာခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ အတွင်း တရုတ်နိုင်ငံသား ခရီးသွား ၁၅,၃၄၃ ဦး လည်ပတ် ခဲ့ကြောင်း နီပေါ...
ဟနွိုင်း၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ Khanh Hoa ပြည်နယ် Nha Trang မြို့ရှိ Pham Van Dong ကမ်းခြေ ၌ ရုရှားကမ္ဘာလှည့်ခရီးသွား ၂ဦးကို ဖေဖော်ဝါရီ ၁၂ ရက် က သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရေပိုင်နက်အတွင်းရှိ ဘင်္ဂလားပင်လယ်အော်တွင် ဖေဖော်ဝါရီလ ၁၂ ရက်က အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) နိုင်ငံခြားသား များကို ပစ်မှတ်ထားသည့် ပြန်ပေးဂိုဏ်းတစ်ခုမှ အဖွဲ့ဝင်များဟု ယုံကြည်ရသူ ် မလေးရှားရဲတပ်ဖွဲ့ က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အသေပစ်သတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) နယူးဒေလီမြို့ရှိ ဟိုတယ်တစ်လုံးတွင် ဖေဖော်ဝါရီ ၁၂ ရက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် လူ၁၇ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အတ်တာပရာဒက်ရှ် (Uttar Pradesh) နှင့် အူထရာခန့်(Uttarkhand) ပြည်နယ်ပြီးခဲ့သည့် သုံးရက်အကြာက တရားမဝင်အရက်တုသောက်သုံးမှုကြောင့် သေဆုံးသူအရေအတွက် ၁၀၀ ကျော်ထိရောက်ရှိခဲ့ကြောင်း တာဝန်ရှိ သတင်းရင်းမြစ်များက ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြောကြားလိုက်သည်။
ဆိုးလ် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံမှ အရပ်သားတက်ကြွလှုပ်ရှားသူများ အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံမှ တက်ကြွလှုပ်ရှားသူများနှင့်အတူ နှစ်သစ်ကူးအထိမ်းအမှတ်အခမ်းအနား ကျင်းပရန် ၂ ရက်တာ အလည်အပတ်ခရီးစဉ်အဖြစ် ယနေ့ဖေဖော်ဝါရီ ၁၂ ရက်တွင် မြောက်ကိုရီးယားနိုင်ငံသို့ရောက်ရှိလာကြောင်း သိရသည်။
ကဘူးလ်၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Sari Pul ပြည်နယ်နှင့် အနောက်ပိုင်း Badghis ပြည်နယ်တွင် ဖေဖော်ဝါရီ ၉ ရက် ညပိုင်းနှင့် ၁၀ ရက် နံနက်ပိုင်းက အစိုးရတပ်နှင့်တာလီဘန်လက်နက်ကိုင်တို့ အကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ လူ ၂၉ ဦး သေဆုံးခဲ့ကြောင်း...
မနီလာ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Surigao del Norte ပြည်နယ် ရှိ မြို့ငယ်တစ်ခုတွင် ဖေဖော်ဝါရီ ၈ရက် ကတည်းက အကြိမ် ၂၅၀နီးပါး ငလျင်ဆက်တိုက်လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် ငလျင်ဌာန (Phivolcs) က ဖေဖော်ဝါရီ ၁၀ရက်...
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အတ်တာပရာဒက်ရှ် (Uttar Pradesh) နှင့် အူထရာခန့်(Uttarkhand) ပြည်နယ် နှစ်ခုတွင် လူပေါင်းများစွာ သေဆုံးမှုဖြစ်ပွားစေခဲ့သော အရက်တုထုတ်လုပ်သည့်စက်ရုံများကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။