ဂျကာတာ၊ မတ် ၉ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ခန်းဖွင့်ကျယ်ဆုံး ရထားလမ်းအပိုင်း DK20+156 ယက်မချိတ်ဆက်မှုသည် မတ် ၈ ရက်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီဖြစ်သည်။ ၎င်းမှာ ဂျကာတာ-ဘန်ဒေါင်း၏ အဓိကဆောက်လုပ်ရေးလုပ်ငန်းအစိတ်အပိုင်းတစ်ခု၏ ကြီးမားသည့် တိုးတက်မှုတစ်ခုပင် ဖြစ်သည်။
ကိုင်ရို၊ မတ် ၈ ရက်(ဆင်ဟွာ) ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က မတ် ၇ ရက်တွင် ဟူတီလက်နက်ကိုင်အဖွဲ့တည်ရှိရာ ယီမင်နိုင်ငံ မြို့တော် ဆန်နာ မြို့လယ်ခေါင်ရှိ စစ်စခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘန်ဒါဆာရီဘီဂါဝန်၊မတ် ၇ ရက်(ဆင်ဟွာ) ဘရူနိုင်းနိုင်ငံက လူမှုဘဝခပ်ခွာခွာနေထိုင်ခြင်းကန့်သတ်ချက်များကို လျှော့ချပေးကာ မတ်လ ၈ ရက်မှ စတင်၍ လူအုပ်စုအခမ်းအနားများကျင်းပခြင်းအပါအဝင် အရေးပါသော လူမှုရေးပွဲလမ်းသဘင်အခမ်းအနားများအတွက် ပုံမှန်ဘဝနေထိုင်မှုအသစ်ဖြင့် လုပ်ဆောင်ရန် ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း မတ် ၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ကိုလံဘို၊မတ် ၂ ရက်(ဆင်ဟွာ)
ရီယာဒ်၊ မတ် ၃ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသနိုင်ငံများရှိ ဆင်ဟွာသတင်းဌာန သတင်းထောက်များ၏ သတင်းပေးပို့ချက်အရ အရှေ့အလယ်ပိုင်းဒေသတွင် COVID-19 ရောဂါက ဆက်လက် ပြန့်ပွားနေပြီး နိုင်ငံအများတွင် တစ်ရက်အတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေ က မြင့်မားစွာ တိုးမြင့်လာကြောင်း သိရှိရသည်။
ဂျကာတာ၊ မတ် ၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားပြည်နယ်ရှိ ဆီနာဘန်းမီးတောင်သည် ဖေဖော်ဝါရီ ၂ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယင်းမှ မှုတ်ထုတ်လိုက်သည့် ပြာမှုန့်များသည် (၅,၀၀၀)မီတာ အမြင့်ထိရောက်ရှိခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်ရှိ ဆီနာဘန်းမီးတောင်သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးခိုးများသည် ကောင်းကင်သို့ မီတာ ၁၅၀၀ အမြင့်အထိ ပန်းထွက်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် နိုင်ငံတကာ နယ်စပ်ထိန်းချုပ်မျဉ်း (LoC) တစ်လျှောက်နှင့် အခြားကဏ္ဍများအားလုံးတွင် အပစ်အခတ်ရပ်စဲရေးကို ပူးတွဲကြေညာခဲ့ပြီး ယင်းမှာ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ ရက်သို့အကူး သန်းခေါင်ယံအချိန်မှစတင်၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရသည်။
ဂျကာတာ၊ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီပြည်နယ်အလယ်ပိုင်းရှိ ရွှေတွင်းတစ်ခုတွင် ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ ရုပ်အလောင်း ၅ လောင်းကို ရှာဖွေတွေ့ရှိထားပြီး အခြား လူပေါင်း ၇၀ ကျော် ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီမှ အရာရှိတစ်ဦးက ယနေ့ ဖေဖော်ဝါရီ...
အနောက်ဂျာဗား၊အင်ဒိုနီးရှား၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)