နယူးဒေလီ၊ မေ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် တောက်တဲ့ (Tauktae) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အနောက်ဘက် ကမ်းရိုးတန်းတစ်ခွင်ရှိ ပြည်နယ်များစွာ၌ လူ ၁၉ ဦးထက်မနည်း သေဆုံးပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာက မေ ၁၈ ရက်၌ သတင်းဖော်ပြခဲ့သည်။
ဂျကာတာ၊မေ ၁၉ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားရေတပ်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ အကူအညီနှင့်အတူ ဘာလီကျွန်းရေပြင်၌ နစ်မြုပ်သွားသော အင်ဒိုနီးရှားရေတပ်မှ KRI Nanggala-402 ရေငုပ်သင်္ဘော၏ အစိတ်အပိုင်းအချို့နှင့် အသက်ကယ်လှေတစ်စီးကို ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ဗီယင်ကျန်း ၊ မေ ၁၈ ရက်(ဆင်ဟွာ) လာအိုနိုင်ငံအစိုးရသည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင်နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကြေညာထားသည့်အတိုင်း COVID-19 ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို အရှိန်မြှင့်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၁၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် နှစ်ပေါင်း(၂၀)ကျော်ကာလအတွင်း အပြင်းထန်ဆုံး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ”တောက်တဲ့(Tauktae)”တိုက်ခတ်မှုကြောင့် ယနေ့အထိ သေဆုံးသူ အနည်းဆုံး (၁၂)ဦးရှိခဲ့သည်။
ဝါရှင်တန် ၊ မေ ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် သည် မေ ၁၇ ရက်က အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့ပြီး ပထမဆုံးအကြိမ် ပါလက်စတိုင်း-အစ္စရေး အပစ်အခတ်ရပ်ဆဲရေးအား ထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
နယူးဒေလီ၊ မေ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံရှိ Mumbai high ရေနံမြေတွင် တောက်တဲ့ (Tauktae) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် လှေအမှတ် ၃၀၅ ဖြင့် လိုက်ပါသွားသူများအနက် ၁၂၇ ဦးမှာ ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက မေ ၁၈ ရက်၌ ပြောကြားခဲ့သည်။
ဘန်ဒါဆရီဘဂါဝမ်၊ မေ ၁၈ ရက် (ဆင်ဟွာ) ဘရူနိုင်းနိုင်ငံ အစိုးရက COVID-19 ရောဂါစိုးရိမ်ပူပန်မှုများကြောင့် နောက်ထပ် တောင်အာရှနိုင်ငံ ၄ နိုင်ငံမှ နိုင်ငံခြားသားများအတွက် ပြည်ဝင်ခွင့်ကို ယာယီဆိုင်းငံ့ကြောင်း မေ ၁၇ ရက်က ကြေညာခဲ့သည်။
မော်စကို ၊ မေ ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သက်ဆိုင်ရာဌာနများအနေဖြင့်တာဂျစ်ကစ္စတန်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် လေကြောင်းကာကွယ်ရေးစနစ်တည်ဆောက်ရေး သဘောတူညီချက်ရေးထိုးရန်ရုရှားနိုင်ငံသမ္မတပူတင်က မေလ ၁၇ ရက်၌ အမိန့်ကြေညာချက်တစ်ခု လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။
နယူးဒေလီ ၊ မေ ၁၇ ရက်(ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း Tauktae သည် ယနေ့ မေ ၁၇ ရက်တွင် အလွန်ပြင်းထန်သော မုန်တိုင်းအဖြစ်သို့ အရှိန်မြှင့်လာခဲ့ပြီး အိန္ဒိယနိုင်ငံ ဂူဂျာရတ်ကမ်းရိုးတန်းသို့ ညနေပိုင်းတွင် ဝင်ရောက်နိုင်ကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာန(IMD)က ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ မေ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ဝယ်ယူခဲ့သည့် Sinovac COVID-19 ကာကွယ်ဆေး စတုတ္တအသုတ်အား သယ်ဆောင်လာသည့် လေယာဉ်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ မေ ၁၆ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။