Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် COVID-19 လူနာသစ် ၅၃ဦး တွေ့ရှိ ၊ စုစုပေါင်း အတည်ပြုလူနာ ၂,၁၉၅ ဦးထိ ရှိလာ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် အထက်တန်းစာမေးပွဲသွားရောက်ဖြေဆိုကြမည့် ကျောင်းသူကျောင်းသားများအား ယာဉ်ထိန်းရဲများက သောက်ရေးပုလင်းများ ဝေငှပေးနေစဉ်(ဆင်ဟွာ)

ဟနွိုင်း၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၃ ရက်က ပြည်ပကူးစက်မှု ၄ ဦး နှင့် ပြည်တွင်း ကူးစက်မှု ၄၉ ဦး အပါအဝင် COVID-19 ရောဂါအတည်ပြုလူနာသစ် ၅၃ ဦးစစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုသို့ လူနာသစ် ၅၃ ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်းနှင့်အတူ ဖေဖော်ဝါရီ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီအထိ ဗီယက်နမ်နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၂,၁၉၅ ဦး နှင့် သေဆုံးသူ ၃၅ ဦးထိ ရှိလာခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် တွေ့ရှိခဲ့သော ပြည်တွင်းကူးစက်မှုများအနက် ၄၇ ဦးမှာ နိုင်ငံမြောက်ပိုင်း Hai Duong ပြည်နယ်မှ ဖြစ်ပြီး ယင်းပြည်နယ်သည် နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု အများဆုံးဖြစ်ပွားရာ နေရာဖြစ်ကြောင်း ၊ အခြား ပြည်တွင်းကူးစက်မှု ၂ ခုမှာ နိုင်ငံတောင်ပိုင်း ဟိုချီမင်းမြို့တော်မှ ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ရောဂါသက်သာပျောက်ကင်း၍ဆေးရုံးဆင်းခွင့်ရရှိသူ ၁,၅၃၁ ဦးရှိကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အခြားလူပေါင်း ၁၂၉,၁၀၀ ဦးကို သီးခြားခွဲနေထိုင်းခြင်း(Q) နှင့် စောင့်ကြည့်ထားခြင်းများ အသီးသီး ပြုလုပ်ထားကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင် ဇန်နဝါရီ ၂၈ ရက်က နောက်ဆုံးလှိုင်းရိုက်ခတ်မှုအဖြစ် အစုလိုက်အပြုံလိုက် ကူးစက်မှုတွင် လူပေါင်း ၆၀၄ ဦး COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး လက်ရှိအချိန်ထိ နိုင်ငံအတွင်းရှိ မြို့ကြီး နှင့် ပြည်နယ်ပေါင်း ၁၃ ခုတွင် ရောဂါကူးစက်မှု အတည်ပြုလူနာတွေ့ရှိထားကြောင်း ဝန်ကြီးဌာနက ဆိုသည်။  (Xinhua)

—————————-
(English Version)
Vietnam reports 53 new COVID-19 cases, 2,195 in total
HANOI, Feb. 13 (Xinhua) — Vietnam recorded 53 new cases of COVID-19 infection on Saturday, including four imported and 49 locally transmitted, according to its Ministry of Health.
The new infections brought the total confirmed cases in the country to 2,195 with 35 deaths as of 6 p.m. local time Saturday, said the ministry.
Among the domestically transmitted cases, 47 were detected in the northern Hai Duong province, the country’s largest COVID-19 hotspot at the moment, and two in the southern Ho Chi Minh City.
As many as 1,531 patients have been given the all-clear, the ministry said, adding that nearly 129,100 people are being quarantined and monitored.
The latest wave of COVID-19 infections hit Vietnam on Jan. 28, with 604 community cases so far confirmed in 13 cities and provinces, according to the ministry. Enditem
Traffic police provide water for candidates of the High School Graduation Exam in the Vietnamese capital city of Hanoi on Aug. 9, 2020.