ဖနွမ်းပင် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံအာဏာပိုင်များသည် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအတွင်း မူးယစ်ဆေးဝါးမှုဖြင့် လူပေါင်း ၁,၄၈၅ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးတိုက်ဖျက်ရေးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ ယနေ့နံနက်ပိုင်းတွင် ရထားတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)
ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ စစ်သွေးကြွတပ်မှူးတစ်ဦး၏ နေအိမ်အနီး၌ ဖေဖော်ဝါရီလ ၁ ရက်က ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ၏ ၁၆ ဦးမြောက် ဘုရင်အဖြစ် ဆူလ်တန် အဗ္ဗဒူလာ ဆူလ်တန် အာမတ် ရှာ (Sultan Abdullah Sultan Ahmad Shah) သည် ဇန်နဝါရီလ ၃၁ ရက်တွင် နန်းတော်၌ ပြုလုပ်သည့် အခမ်းအနား၌...
မနီလာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် တောင်ပိုင်းမှ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှစ်ကျောင်း ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း အကြမ်းဖက်အစွန်းရောက် ဝါဒဆန့်ကျင်သောတိုက်ပွဲအတွက် ဖိလစ်ပိုင်အစိုးရနှင့် ပြည်သူများအား တရုတ်နိုင်ငံက အခိုင်အမာထောက်ပံ့မှု ပေးမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhao Jianhusက ပြောကြားခဲ့သည်။
ဟနွိုင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ထိုင်းဘင်ပြည်နယ်တွင် ဓာတ်ငွေ့ကြောင့်အသက်ရှူကျပ်သွားခဲ့ပြီး ဗီယက်နမ်ကုမ္ပဏီဝန်ထမ်း အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ဇန်နဝါရီလ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
မနီလာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Zamboanga မြို့ ရှိ ဗလီတစ်ခုအတွင်း၌ ဇန်နဝါရီ ၃၀ ရက် အစောပိုင်းက လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးပြီး အခြားလူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း မတ်ဒရာပရာဒတ်ရှ်ပြည်နယ်တွင် ဇန်နဝါရီလ ၂၉ ရက်အစောပိုင်းက ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိခြင်းကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တိုကျို၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ချီးဘားစီရင်စု ၏ အရှေ့ကမ်းရိုးတန်းအလွန်တွင် ကနဦးတိုင်းတာချက်များအရ အင်အား ၅.၃ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သော်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။
ဆိုးလ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ၏ ဆန်စားသုံးမှုသည် ပြီးခဲ့သောနှစ်တွင် ဆက်လက်ကျဆင်းခဲ့သော်လည်း ဆန်ဖြင့်ပြုလုပ်ထားသည့် အသင့်အစားအစာများစားသုံးမှုမှာ မြင့်တက်လျက်ရှိကြောင်း ဇန်နဝါရီလ ၂၇ ရက်တွင်ထုတ်ပြန်ခဲ့သော အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။