Connect with us

Asia

တရုတ်-ထိုင်း ရထားလမ်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ပထမကာလ လုပ်ငန်းစဉ် သဘောတူညီချက် လက်မှတ်ရေးထိုး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြင်ကွင်းတစ်နေရာအား စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

တရုတ်-ထိုင်း ရထားလမ်းပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ပထမကာလ(ဘန်ကောက်- နခွန်ရတ်ချစီမာ)လုပ်ငန်း စီမံကိန်း “Contract 2.3″သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ ရက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အိမ်တော်တွင် ကျင်းပခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ သတင်းများအရ သိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ ယန်ရှင်းသည် ထိုင်းနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Saksayam Chidchob နှင့်အတူ သဘောတူလက်မှတ်ရေးထိုးမှုတွင် သက်သေပြုခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ဒုတိယဝန်ကြီးချုပ် Anutin Charnvirakul၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Korn Chatikavanijတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်-ထိုင်း ရထားလမ်းပိုင်းကို ၂၀၁၇ ခုနှစ်မှစ၍ စီမံကိန်း ပထမလုပ်ငန်းစဉ်များ စတင်ခဲ့ရာ underline engineering လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ တိုးတက်မှုရှိခဲ့သည်။ ယခုအကြိမ် China Railway International Coနှင့်China Railway Design Corporationတို့သည် the State Railway of Thailand(SRT)နှင့်အတူ သဘောတူလက်မှတ်ရေးထိုးသည့် “Contract 2.3″မှာ တရုတ်-ထိုင်းရထားလမ်း၏ အရေးပါသည့် တိုးတက်မှုအသစ်တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်အရ ဘန်ကောက်-နခွန်ရတ်ချစီမာ ရထားသံလမ်း၊ လျှပ်စစ်နှင့်အချက်ပြဆက်သွယ်ရေးစနစ်များ၊ ရထားတွဲဝယ်ယူတပ်ဆင်ရေးထိန်းသိမ်းခြင်းနှင့် သက်ဆိုင်ရာမွမ်းမံသင်တန်းများ ပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။တရုတ်-ထိုင်း ရထားလမ်း ပူးပေါင်းဆောက်ရွက်မှုစီမံကိန်း တည်ဆောက်ပြီးစီးပါက ထိုင်းနိုင်ငံနှင့် အင်ဒိုချိုင်းနားဒေသ၏ အခြေခံအဆောက်အဦတည်ဆောက်ခြင်း၊ အပြန်အလှန်ချိတ်ဆက်သွားလာခြင်းသည် တစ်ဆင့်တိုးမြှင့်လာမည်ဖြစ်ရာ ထိုင်းနိုင်ငံ စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အားသစ်ဖြစ်ရာ ဒေသတစ်လျှောက်နိုင်ငံများ၏ ကုန်သွယ်စီးပွား လူမှုအသွားအလာများ တွန်းအားဖြစ်စေကာ ဒေသဖွံဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းပြည်သူအများအတွက် အကျိုးဖြစ်ထွန်စေရန်တွင် အထောက်အပံ့ဖြစ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.