ကိုလံဘို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံရှိ ဘုရားကျောင်းနှင့် ဟိုတယ်အချို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၀ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်းဥသာပရာဒက်ရှ်ပြည်နယ်တွင် ဧပြီလ ၂၀ ရက် အစောပိုင်းက ခရီးသည်တင် ရထားတစ်စင်း တွဲချော်မှုကြောင့် ခရီးသည် ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
ဂျကာတာ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီရှိ I Gusti Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောက်အအုံအမှတ် (၁)တွင် ဧပြီလ ၁၉ ရက်နေ့က မီးလောင်မှုဖြစ်ပွားရာ၊ ရာနှင့်ချီသည့်ခရီးသည်များ သောင်တင်ခဲ့ရကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိကပြောသည်။
အစ္စလာမ်မာဘတ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆင်းပြည်နယ်တွင် ဧပြီလ ၁၉ ရက် နံနက်ပိုင်းက ခရီးသည်တင် အဝေးပြေးကားတစ်စီး တိမ်းမှောက်ခဲ့ခြင်းကြောင့် လူ ၈ ဦးထက်မနည်းသေဆုံးကာ ၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ Urdu TV ချန်နယ်အရ သိရသည်။
တိုကျို၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူမာမိုတိုစီရင်စုရှိ အာဆိုမီးတောင် (Mt. Aso) မှာ ဧပြီလ ၁၉ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသဌာန (JMA) က ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ နှစ်သစ်ကူးအခါသမယ ၅ ရက်တာကာလအတွင်း ယာဉ်မတော်တဆမှု ၃၀၃ မှုဖြစ်ပွားခဲ့ပြီး လူ ၃၇ ဦးသေဆုံးကာ နောက်ထပ် ၅၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအောက်ရှိ ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
စင်္ကာပူ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ခေတ်သစ်ပိုးလမ်းမကြီးသည် အာရှဖွံ့ဖြိုးရေးအတွက် အရေးကြီးကြောင်း စင်္ကာပူနိုင်ငံ နန်ယန်း နည်းပညာတက္ကသိုလ်(Nanyang Technological University)ပညာရှင် လျောင့်ကျန့်ယန်က ဆင်ဟွာ၏အင်တာဗျူးကို လက်ခံဖြေကြား ရာတွင် ပြောကြားခဲ့သည်။
ဟနွိုင်း ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံရှိ ချန်တူး ၊ ချုံချင့် နှင့် ဆန်းကျန့် မြို့ သုံးမြို့တွင် မေလ ၁၅ ရက်မှ ၂၄ ရက် အထိ ဗီယက်နမ် ခရီးသွား လုပ်ငန်းကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ဗီယက်နမ်...
လီမား၊ ဧပြီလ ၁၈ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံသမ္မတဟောင်း အလန်ဂါစီယာ(Alan Garcia) သည်လီမားမြို့ရှိဆေးရုံတစ်ရုံ၌ ဧပြီလ ၁၇ ရက်က သေဆုံးသွားခဲ့ကြောင်း လက်ရှိပီရူးနိုင်ငံသမ္မတ မာတင်ဗစ်ဇ်ကာရာ(Martin Vizcarra) က တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် အတည်ပြုရေးသားခဲ့သည်။
ဂျာကာတာ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် ဧပြီ ၁၇ ရက်က သမ္မတရွေးကောက်ပွဲကျင်းပရာ မှတ်ပုံတင်ထားသော မဲဆန္ဒရှင် သန်း ၁၉၀ က တစ်နိုင်ငံလုံးရှိ မဲရုံပေါင်း ၈ သိန်းကျော်သို့ သွားရောက် သမ္မတနှင့်ဒုတိယသမ္မတ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးကြကြောင်း သိရသည်။