Connect with us

Asia

ထိုင်းနိုင်ငံ၌ ပစ်ခတ်မှုအတွင်းသေဆုံးသွားသူများအတွက် အလှူငွေ ဒေါ်လာ ၇၀၀,၀၀၀ ကျော် ထောက်ပံ့

ထိုင်းပြည်သူများက ဖေဖော်ဝါရီ ၈ ရက်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း အသက်သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပို့သနေစဉ်(ဆင်ဟွာ)

 

ဘန်ကောက် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ ၈ ရက်တွင် ဖြစ်ပွားခဲ့သော လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသူများအတွက် ရည်စူးပြီး ပြည်သူများက ထောက်ပံ့အလှူငွေများ ဝိုင်းဝန်းထည့်ဝင်ကြရာ စုစုပေါင်း ထိုင်းဘတ်ငွေ ၂၃ သန်း (အမေရိကန်ဒေါ်လာ ၇၃၅,၇၄၆) ထိ လက်ခံ ရရှိခဲ့ကြောင်း နခွန်းရချက်ဆီးမားမြို့(Nakhon Ratchasima) မြို့တော်အုပ်ချုပ်ရေးမှူး ဝီချိုင်အန်း ချန်ထရာနွတ်ထိုင်း က ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ ထိုင်းစစ်တပ်မှ သေနတ်သမားတစ်ဦး၏ ၁၇ နာရီကြာ ပစ်ခတ်မှုအတွင်း ၎င်းအပါအဝင် လူပေါင်း ၃၀ ဦးသေဆုံးခဲ့ပြီး အခြား ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။

နခွန်းရချက်မြို့တော်အုပ်ချုပ်ရေးမှူးက ပြည်နယ်အစိုးရအနေဖြင့် အသက်သေဆုံးခဲ့ရသူတစ်ဦးချင်းစီအတွက် ၎င်းတို့၏ မိသားစုဝင်များအား ကနဦးထောက်ပံ့ငွေအဖြစ် ဘတ် ၃၀၀,၀၀၀ ( အမေရိကန်ဒေါ်လာ ၉,၅၉၀ ဒေါ်လာ) ကို ပေးအပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။ထို့ပြင် မြို့တော်အုပ်ချုပ်ရေးမှူး ဝီချိုင်အန်းက လူမှုကွန်ရက်ပေါ်တွင် သတင်းမှားများ ဖြန့်ဝေနေသူများအနေဖြင့် ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ထိုင်းပြည်သူများက ဖေဖော်ဝါရီ ၈ ရက်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း အသက်သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပို့သနေစဉ်(ဆင်ဟွာ)

ထိုင်းပြည်သူများက ဖေဖော်ဝါရီ ၈ ရက်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း အသက်သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပို့သနေစဉ်(ဆင်ဟွာ)

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်တွင် မဟုတ်မမှန်ရေးသား လှုံ့ဆော်မှုပြုလုပ်ခဲ့သူ နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ကြောင်း ၊ ယင်းတို့အနက်တစ်ဦးမှာ Facebook မှတဆင့် ခြိမ်းခြောက်မှုပြုလုပ်သည့် ပိုစ့်(post) ကို တင်ခဲ့ပြီး ယင်းပိုစ့်အား တစ်ရက်အတွင်း မျှဝေမှု(share) အကြိမ်ရေပေါင်း တစ်သောင်းကျော် ရှိခဲ့ကြောင်း သိရသည်။အဆိုပါ အွန်လိုင်းသတင်းအမှားဖြန့်ဝေသူနှစ်ဦးစလုံးသည် ကွန်ပြူတာပြစ်မှုဆိုင်ရာအက်ဥပဒေ နှင့် ပြည်သူများအား အထိတ်တလန့်ဖြစ်စေမှုတို့ဖြင့် အသီးသီးတရားစွဲဆိုခံရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)