တိုကျို ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတောင်ပိုင်း Torishima ကျွန်းဒေသ၌ ပြင်းအား ၅.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု ကနဦးတိုင်းတာချက်များအရ သိရကြောင်း မိုးလေဝသအေဂျင်စီက ယနေ့အောက်တိုဘာ ၂၉ ရက်တွင်ပြောကြားခဲ့သည်။
ဂျကာတာ ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) လူပေါင်း ၁၈၉ ဦးလိုက်ပါသွားသော အင်ဒိုနီးရှားနိုင်ငံ၏ Lion Air လေယာဉ်တစ်စင်းသည် ယနေ့အောက်တိုဘာ ၂၉ ရက်တွင် ဂျကာတာနိုင်ငံတကာလေဆိပ်မှ ပျံတက်ပြီး မကြာမီအတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှားအရေးပေါ်ကယ်ဆယ်ရေးအင်ဂျင်စီ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာကရေးသားဖော်ပြခဲ့သည်။
ကိုလံဘို ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံသမ္မတ Maithripala Sirisena က ဝန်ကြီးချုပ်ဖြစ်သူအား ရာထူးမှဖယ်ရှားခဲ့ပြီးနောက် တိုင်းပြည်အတွင်း နိုင်ငံရေးအကြပ်အတည်းတစ်ခု ပေါ်ပေါက်ခဲ့သဖြင့် ကျင်းပရန် စီစဉ်ထားသည့် လွှတ်တော်ကို နိုဝင်ဘာလအထိ ရွေ့ဆိုင်းလိုက်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်း Yala ပြည်နယ်တွင် ကလေးငယ်များအား ဝက်သက်ရောဂါကာကွယ်ဆေးထိုးရန် အစိုးရ၏ အစီအစဉ်ကို မိဘများက ငြင်းဆန်ခဲ့ပြီးနောက် ကလေးငယ် ၁၀ ဦးသေဆုံးပြီး ၇၂၁ ဦး ရောဂါခံစားခဲ့ရကြောင်း ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးရုံးက အောက်တိုဘာလ ၂၅ ရက်ညနေပိုင်း၌ ပြောကြားခဲ့သည်။
တိုကျို၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ မီယာဂီစီရင်စု ကမ်းရိုးတန်းအလွန်တွင် အောက်တိုဘာ ၁၆ရက်က အင်အား ၅.၇ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာန ကပြောကြားခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် တွင် အောက်တိုဘာ ၂၄ ရက်က စပိဘုတ်တစ်စီး တိမ်းမှောက်ခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၂၄ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင့် ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုလ်ကတ္တားမြို့ ရှိ Santragachi ရထားဘူတာရုံတွင် အောက်တိုဘာ ၂၃ရက် ညနေပိုင်းက လူအုပ်ပိမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးပြီး လူ ၁၄ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုကျို၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တောင်ဘက်စွန်း အိုခီနာဝါစီရင်စု ရှိ ယိုနာဂူနီချီးမားမြို့တွင် အင်အား ၆.၁ပမာဏရှိငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသဌာန က အောက်တိုဘာ ၂၃ ရက်တွင်ပြောကြားခဲ့သည်။
ဆိုးလ် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ) တောင်ကိုရီးယား ၊ မြောက်ကိုရီးယား နှင့် ကုလသမဂ္ဂတပ်ဖွဲ့တို့သည် ကိုရီးယားနှစ်နိုင်ငံနယ်စပ်ဒေသအတွင်းရှိ ပူးတွဲလုံခြုံရေးနယ်မြေ(JSA) မှ အစောင့်တပ် နှင့် လက်နက်ကိုင်တပ်ဖွဲ့များကို ရုပ်သိမ်းရန် အောက်တိုဘာ ၂၅ ရက် နောက်ဆုံးထား၍ အောက်တိုဘာ ၂၂ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း...
အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း Punjab ပြည်နယ် တွင် အောက်တိုဘာ ၂၁ ရက်က ခရီးသည်တင်ဘတ်စ်ကား ၂စီး ခေါင်းချင်းဆိုင်တိုက်မိ၍ အနည်းဆုံး လူ ၁၉ဦးသေဆုံးပြီး ၄၀ကျော်ဒဏ်ရာရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် ပြည်တွင်းသတင်းဌာနကဖော်ပြခဲ့သည်။