အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံဘက်က ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၌မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ဇူလိုင် ၁၅ ရက် တွင် သတင်းဖော်ပြခဲ့သည်။
ဂျကာတာ ၊ ဇူလိုင် ၁၄ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအရှေ့မြောက်ပိုင်း Maluku ပြည်နယ်အတွင်းရှိ Halmaheraကျွန်း၌ ယနေ့(ဇူလိုင် ၁၄ရက်) ၁၇ နာရီ ၁၀ မိနစ်က ပြင်းအား ၇.၂ အဆင့်ရှိ အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ၊ သို့သော် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ...
ပေကျင်း၊ ဇူလိုင် ၁၄ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Moluccaကျွန်းအနီး၌ ယနေ့ (ဇူလိုင် ၁၄ ရက်) တွင် ပြင်းအား ၇.၃အဆင့်ရှိ အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။(Xinhua)
နယူးဒေလီ ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၉ဝဝ,ဝဝဝ ခန့်ရေဘေးသင့်လျက်ရှိကြောင်း အစိုးရတာဝန်ရှိသူများက ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ခတ္တမန္ဒူ ၊ ဇူလိုင်လ ၁၃ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ၌ ဇူလိုင် ၁၁ ရက် ညပိုင်းမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် Balkhu မြစ်ရေကြီးပြီး ခတ္တမန္ဒူမြို့အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ခတ္တမန္ဒူ ၊ ဇူလိုင်လ ၁၃ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ၏တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည့် ခတ္တမန္ဒူမြို့ရှိ ထရီပူဗန်နိုင်ငံတ ကာလေဆိပ်အား ဇူလိုင်လ ၁၂ ရက်ကရှစ်နာရီကြာ ပိတ်ထားခဲ့ရပြီးနောက် ညနေပိုင်းတွင်ပုံမှန်လေ ကြောင်းပျံသန်းမှုများ ပြန်လည်စတင်နိုင်ခဲ့ကြောင်းသိရသည်။
ကိုလံဘို၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ဇူလိုင်လ ၅ ရက်ကတည်းကစ၍ နိုင်ငံတစ်ဝန်း အရက်မူးပြီးကားမောင်းသူများအား ဖမ်းဆီးရန် အထူးစစ်ဆင်ရေးတစ်ခုလုပ်ဆောင်ခဲ့ရာ လွန်ခဲ့သည့် ၇ ရက်အတွင်း ယာဉ်မောင်း ၂,၀၀၀ ကျော် အဖမ်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ...
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ရာဟင်ယာခန်းမြို့တွင် ခရီးသည်တင်ရထား တစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက တိုက်မိကြရာ လူ ၁၀ ဦးသေဆုံးပြီး အခြားလူ ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ကိုလံဘို ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံခရီးသွားဝန်ကြီးဌာနက လာမည့် သြဂုတ် ၁ ရက်မှ စတင်ကာ ကမ္ဘာ့နိုင်ငံ နှင့် ဒေသပေါင်း ၃၉ ခုမှ ပြည်သူများကို ဗီဇာကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ၊ ယင်းသို့လုပ်ဆောင်ခြင်းမှာ ကမ္ဘာလှည့်ခရီးသွားများကို ပိုမိုဆွဲဆောင်ရန်အတွက် ဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဇူလိုင် ၁ဝ...
ကိုလံဘို၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံက ဝက်သက်ရောဂါအား အောင်မြင်စွာ ရှင်းလင်းပစ်နိုင်ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။