Connect with us

Asia

အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် ရေဘေးကြောင့် အနည်းဆုံး လူ ၁၀၀ သေဆုံး


မွမ်ဘိုင်း၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

ယခုရက်ပိုင်းများအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုမှုများကြောင့် အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာ(Kerala)ပြည်နယ် နှင့် ကာနာတာကာ(Karnataka)ပြည်နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိရာ အနည်းဆုံး လူ ၁၀၀ ခန့်သေဆုံးခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏ သြဂုတ် ၁၀ ရက် သတင်းများ အရ သိရသည်။

သြဂုတ် ၇ ရက်က စတင်သော ဆိုးဝါးသည့်ရာသီဥတုကြောင့် အနည်းဆုံး လူ ၁၀၀ ခန့်သေဆုံးခဲ့ရာ အထူးသဖြင့် ကီရာလာ ပြည်နယ်နှင့် ကာနာတာကာ ပြည်နယ်၏ အခြေအနေမှာ အလွန်ဆိုးဝါးကြောင်း သိရသည်။ ကီရာလာ ပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လူပေါင်း ၁၂၀,၀၀၀ ခန့်ကို အရေးပေါ်ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းထားရကြောင်း ဆိုသည်။ ကာနာတာကာ ပြည်နယ်တွင် လူပေါင်း ၁၆၁,၀၀၀ခန့်ကို ယာယီနေရာချထားပေးရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် ရေကြီးရေလျှံဖြစ်ပွားနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် ရေကြီးရေလျှံဖြစ်ပွားနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

မိုးသည်းထန်စွာရွာသွန်းမှု ရေကြီးရေလျှံဖြစ်မှုများကြောင့် ကီရာလာ ပြည်နယ်နေရာအနှံ့တွင် ရွှံ့သဲမြေစီးဆင်းမှုများ ဖြစ်ပွားလျက်ရှိရာ ကူညီကယ်ဆယ်ရေးသမားများ အချင်းဖြစ်နေရာကို အရောက်မသွားနိုင်ဖြစ်နေကြောင်း ကီရာလာ ပြည်နယ်ရဲတပ်ဖွဲ့က မီဒီယာများကို ပြောကြားခဲ့သည်။ ရာသီဥတုဆိုးဝါးမှုကြောင့် သြဂုတ် ၉ ရက်က Cochinအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် နှစ်စဉ် ဇွန်လမှ စက်တင်ဘာလသည် မိုးရာသီကာလဖြစ်ပြီး လျှပ်စီးမိုးကြိုးမုန်းတိုင်းများ မကြာခဏဖြစ်ပွားလေ့ရှိရာ ရေကြီးရေလျှံမှု ၊ ရွှံ့သဲကျောက်မြေ စီးဆင်းမှုစသည့် ဘေးအန္တရာယ်မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ (Xinhua)