Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ သမ္မတက အမေရိကန် နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ တွင် ဒုံးကျည်များချထားခြင်းအား လုံးဝလက်ခံမည်မဟုတ်ကြောင်းပြောကြား

ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာဒေးအားတွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တွင် အမေရိကန်နိုင်ငံက ဒုံးကျည်များချထားခြင်းကို မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ကပြောကြားခဲ့သည်။

အမေရိကန် နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား နှစ်ဦးနှစ်ဖက် အပြန်အလှန်ကာကွယ်ရေးစာချုပ် ရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်စော်ကားရာရောက်သော၊ နျူကလီးယားလက်နက်များအပါအဝင် နိုင်ငံခြားစစ်လက်နက်များ ကို ဖိလစ်ပိုင်မြေပေါ်တွင် ချထားခြင်းကို တားမြစ်ကြောင်း သမ္မတဒူတာတေးက သြဂုတ် ၆ ရက် တွင်ပြောသည်။

“ဒါဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး ဘာကြောင့်လည်း ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စော်ကားချိုးဖောက်ရာကျတဲ့ဒီကိစ္စ ကို လုံးဝခွင့်မပြုဘူး။ ဖိလစ်ပိုင်နိုင်ငံက မင်းတို့ နျူကလီးယားလက်နက်တွေအတွက် နေရာမပေးနိုင်ဘူး’’ ဟု ဖြည့်စွက်ပြောကြားသည်။

ထို့အပြင် မည်သည့်ပြည်ပနိုင်ငံ၏ တပ်ဖွဲ့များကိုမျှ ဖိလစ်နိုင်ငံအတွင်းချထားရန် ခွင့်ပြုမည်မဟုတ်ကြောင်း၎င်း ကဆိုသည်။

ယခင် ဆိုဗီယက်ပြည်ထောင်စု နှင့် အမေရိကန်နိုင်ငံ တို့ ၁၉၈၇ ခုနှစ် လက်မှတ်ရေးထိုးခဲ့သည့် တာလတ်ပစ်နျူကလီးလား (INF) စာချုပ် မှ အမေရိကန်ပြည်ထောင်စုက သြဂုတ် ၂ ရက် တွင် နှုတ်ထွက်ခဲ့သည်။

တာလတ်ပစ်နျူကလီးလား (INF) စာချုပ် က နှုတ်ထွက်ပြီးနောက် အာရှပစဖိတ်ဒေသတွင် တာလတ်ပစ်ဒုံးကျည်များကို ဖြန့်ကျက်ရန် အမေရိကန် အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အာရှပစိဖိတ်ဒေသများအတွင်း တာလတ်ပစ်ဒုံးကျည်များ ကို လအနည်းငယ်အတွင်း ချထားရန် ဆန္ဒရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က သြစတြီးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် မီဒီယာများကိုပြောကြားခဲ့သည်။ (Xinhua)