ဂျကာတာ၊ မေ ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်းရှိ Agung မီးတောင်သည် မေလ ၂၄ ရက်က ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာနှင့် ချော်ရည်ပူများ မီးတောင်ဝမှ ၃ ကီလိုမီတာအကွာထိ မှုတ်ထုတ်နေခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောခဲ့သည်။
တိုကျို၊ မေ ၂၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တောင်ပိုင်း ချီဘားစီရင်စုတွင် အင်အား ၅.၁ ရှိသော ငလျင်တစ်ခု မေလ ၂၅ ရက်က လှုပ်ရှားသွားကြောင်း ဂျပန် မိုးလေဝသအေဂျင်စီ (JMA) က ပြောခဲ့သည်။
နယူးဒေလီ၊ မေ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မီးလောင်မှုကြီးဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက် ၁၈ ဦးအထိရှိလာပြီဖြစ်ပြီး ဒဏ်ရာရသူ ၅ ဦးမှာ ဆေးရုံသို့ပို့ဆောင်ထားပြီးဖြစ်ကြောင်း အဆင့်မြင့် မီးသတ်အရာရှိတစ်ဦးက မေလ ၂၄ ရက်တွင် ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။
နယူးဒေလီ၊ မေ ၂၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံံအတွင်းကျင်းပပြီးစီးခဲ့သော ၁၇ ကြိမ်မြောက်အထွေထွေရွေးကောက်ပွဲတွင် အိန္ဒိယဝန်ကြီး ချုပ်မိုဒီ၏ ဘာရာတီယာ ဂျာနာတာ ပါတီ (Bharatiya Janata Party –BJP) ပါတီက အနိုင်ရရှိသွားခဲ့ ကြောင်းရွေးကောက်ပွဲကော်မရှင်(ECI)က၎င်း၏လက်ကိုင်ဖုန်း application မှတစ်ဆင့်မေလ ၂၄ ရက် နံနက် ကထုတ်ပြန်ကြေညာခဲ့သည်။
ဟနွိုင်း၊ မေ ၂၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ဒေါင်နမ်(Dong Nai)ပြည်နယ်တွင် မေ ၂၃ ရက်၌ ရထားတစ်စီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၂ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဂျကာတာ ၊ မေ ၂၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ ရွေးကောက်ပွဲ ဆန္ဒပြပွဲများတွင် ပါဝင်သော အကြမ်းဖက်သူ ၂၅၇ ဦးအား ဂျကာတာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း နှင့် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားနေသည့် အတွက် ပို၍ အဖမ်းခံရဖွယ်ရာ ရှိကြောင်း ဂျကာတာ ရဲတပ်ဖွဲ့၏...
နယူးဒေလီ ၊ မေ ၂၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ၁၇ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ အတွက် မဲရေတွက်မှုကို မေ ၂၃ ရက် နံနက်တွင် စတင်ခဲ့ကြောင်း အိန္ဒိယရွေးကောက်ပွဲကော်မရှင်(ECI) က ဆိုသည်။
ဂျကာတာ၊ မေ ၂၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား သန်းခေါင်ချိန်မှ နံနက်ပိုင်းအထိ အချိန် ၅ နာရီဝန်းကျင်ကြာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံးပြီး အခြားလူ ၂၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဂျကာတာ အုပ်ချုပ်ရေးမှူး အန်နီးစ် ဘတ်စ်ဝီဒန် (Anies...
မနီလာ၊မေ ၂၂ ရက်(ဆင်ဟွာ) အသစ်တဖန်ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်သောစွန့်ပစ်ပစ္စည်းများအဖြစ် ကနေဒါနိုင်ငံပုဂ္ဂလိကကုမ္ပ ဏီ တစ်ခုက ကနေဒါမှဖိလစ်ပိုင် သို့ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များအတွင်းက ကုန်သေတ္တာ ၁၀၀ ကျော်ဖြင့် တင်ပို့ခဲ့သောအမှိုက်သရိုက်များကြောင့် ကနေဒါနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံ တို့အကြား ဆက်ဆံ ရေး မှာ အမှိုက်ကစ ပြာသာဒ်မီးလောင် ဆိုသည့်အတိုင်း ထိခိုက်နေရကြောင်းသိရသည်။
ဂျကာတာ ၊ မေ ၂၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုသည် သမ္မတရွေးကောက်ပွဲတွင် ၎င်း၏ အနီးကပ်ပြိုင်ဘက် ယခင်ကြည်းတပ်ဗိုလ်ချုပ်ကြီး ပါရာဗိုဝို ဆပ်ဗီယံတို(Prabowo Subianto) ၏ မဲရလဒ် ၄၄.၅ ရာခိုင်နှုန်းအပေါ် မဲရလဒ် ၅၅.၅ ရာခိုင်နှုန်းဖြင့် အနိုင်ရပြီး ပြန်လည်ရွေးချယ်ခံရကြောင်း အင်ဒိုနီးရှားနိုင်ငံအထွေထွေရွေးကောက်ပွဲကော်မရှင်(KPU) က...