Connect with us

Asia

ပြောင်းလဲမှုမရှိ၊ ရန်လိုသည့် အမေရိကန်၏မူဝါဒ မြောက်ကိုရီးယား ဝေဖန်ပြောဆို

အမေရိကန် သမ္မတ ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပြုံယမ်း၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားအပေါ် အမေရိကန်ထားရှိသော ပြောင်းလဲမှုမရှိသော ရန်လိုသည့် မူဝါဒများကို ပြစ်တင်ဝေဖန်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် အမေရိကန်၏ပိတ်ဆို့ဖိအားပေးမှု များကို လက်လျှော့အရှုံးပေးမည်မဟုတ်ကြောင်း၊ ရန်လိုမှုအသွင်ဆောင်သည့် မူဝါဒများ မပြောင်းမလဲ ဆက်လက် ဆောင်ရွက်နေမည်ဆိုလျှင် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စေရေး၊ မြောက်ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကို အကောင်အထည်ဖော်ရန် ခက်ခဲလိမ့်မည်ဟု ထင်မှတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုကာလများတွင် အမေရိကန်သည် မြောက်ကိုရီးယားအပေါ် ရန်လိုသည့် ပြောဆို ဆောင်ရွက်မှုများရှိရာ လူကုန်ကူးမှုအစီရင်ခံစာနှင့် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာ များ တွင် မြောက်ကိုရီးယားကို ဆိုးဆိုးဝါးဝါးပုတ်ခတ်ပြောဆိုမှုများ ရှိကြောင်း ၊ထို့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို က မြောက်ကိုရီးယားကို ပိတ်ဆို့မှု ၊စီးပွားရေးသက်ရောက်မှုများကို အကျယ်တဝင့်ပြောဆိုမှုများ ရှိနေကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ(KCNA) က အဆိုပါ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။ ထိုသို့ဆောင်ရွက်ခြင်းမှာ စင်ကာပူ၌ မြောက်ကိုရီးယား- အမေရိကန် နှစ်နိုင်ငံ လက်မှတ်ရေးထိုးထား သည့် ပူးတွဲကြေညာချက်ကို တိုက်ရိုက်စိန်ခေါ်ရာရောက်သလို မြောက်ကိုရီးယားအပေါ် ရန်စောင်မှုက အထွဋ်အထိပ်ရောက်စေကြောင်း ဆိုသည်။

“လက်တွေ့က ရှင်းလင်းစွာ သက်သေပြပြီးပါပြီ။ အမေရိကန်က ပိတ်ဆို့ဖိအားပေးမှုတွေနဲ့ မြောက်ကိုရီးယား လက်လျှော့လိုက်လျောလာအောင် လုပ်ဆောင်ဖို့ ကြိုးစားခြင်းက နည်းနည်းမှ မပြောင်းလဲတဲ့အပြင် ပိုပြီး ဆိုးဝါးလာတယ်။ မြောက်ကိုရီးယား- အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင်တွေက ဆက်ဆံရေးပုံစံသစ်ကို တည်ဆောက်ဖို့ ဘယ်လိုပဲကြိုးစားပါစေ ၊ မြောက်ကိုရီးယားအပေါ်ထားရှိတဲ့ အရိုးစွဲအောင် ရန်လိုနေတဲ့ ပေါ်လစီမူဝါဒ ချမှတ်သူတွေက အမေရိကန် နိုင်ငံရေးကို ကစားနေမယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ မြောက်ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးကို အကောင်အထည်ဖော်ဖို့ ခက်ခဲလိမ့်မယ်”ဟု အဆိုပါ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ၎င်းက “အမေရိကန်က အထင်အမှတ်မှားပါနဲ့။ ခေါင်းဆောင်ကြီး ကင်ဂျုံအန်းပြောသလိုပဲ မြောက်ကိုရီးယားက ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးရန် မက်မောနေခြင်းမဟုတ်၊ မြောက်ကိုရီးယားက ပိတ်ဆို့မှုတွေကို လက်လျှော့အရှုံးပေးမဲ့ နိုင်ငံမဟုတ်သလို အမေရိကန် ထိပါးချင်တိုင်းထိပါးလို့ရတဲ့ နိုင်ငံ ပိုပြီး မဟုတ်ကြောင်း ” ပြောကြားခဲ့သည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.